နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတစ်ဝန်း စာကြည့်တိုက်များ ဖွံ့ဖြိုးရေးဆောင်ရွက်ရန် ကျေးရွာ၊ ရပ်ကွက်များအလိုက် စာပေအသိပညာနှီးနှောဖလှယ်ပွဲများ ကျင်းပရန်လိုအပ်

ရန်ကုန် ဧပြီ ၂၀

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀၊ မြို့ပေါင်း ၄၇၁ မြို့၊ ရပ်ကွက်ပေါင်း ၃၄၈၅ ခု ကျေးရွာအုပ်စုပေါင်း ၂၃၉၁၀၊ ကျေးရွာပေါင်း ၆၃၂၁၀ ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ခရိုင်နှင့်မြို့နယ်အဆင့်များတွင် ပြည်သူ့စာကြည့်တိုက် ၄၁၀ ကို ဖွင့်လှစ်ပေးထားပြီး၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း၏ ထောက်ပံ့မှုဖြင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက် များနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ရပ်ရွာ ပြည်သူလူထုအစီအစဉ်ဖြင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်ပေါင်း ၃၅၀၀ ကျော်ရှိနေသည်ဟု သိရသည်။

ထို့ကြောင့် အဆိုပါစာကြည့်တိုက်များ ဖွံ့ဖြိုးရှင်သန်ရေးအတွက် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဦးဆောင်လမ်းညွှန်ကာ အလှူငွေ နှင့် စာအုပ်စာတမ်းများ လှူဒါန်းပွဲများကို ဆောင်ရွက်လျက်ရှိပြီး၊ လယ်ယာ၊ သစ်တော၊ သားငါးကဏ္ဍဝန်ဆောင်မှုနှင့် အရောင်းအဝယ် ကဏ္ဍစသည့် အထွေထွေအခြေခံလုပ်ငန်းများကို နိုင်ငံ့လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်က လုပ်ကိုင်ဆောင်ရွက်နေကြရာ၊ ကျေးလက်နေ ပြည်သူအများစု လုပ်ကိုင်နေကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာဗဟုသုတ မြှင့်တင်ပေးနိုင်မည့် စာကြည့်တိုက်များ ထူထောင် ဆောင်ရွက်ပေးခြင်းကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် ကျေးရွာစာကြည့်တိုက်များရှိ စာအုပ်များသည် ဒေသရှိ ပညာရေးအခြေအနေအရ အများဖတ်ရှုနားလည်နိုင်သည့် စာအုပ် စာစောင်များဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန် နိုင်ငံတော်အကြီး အကဲက လမ်းညွှန်မှုပြုထားသည်။

ထိုသို့ စာကြည့်တိုက်များ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးရုံသာမက ဖတ်မှတ်လေ့လာထားသည့် အသိပညာဗဟုသုတများ ပိုမိုတိုးပွား စေရန် ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက်၊ အသိပညာနှီးနှောဖလှယ် ပွဲများ၊ ဆွေးနွေးပွဲများကို အပတ်စဉ်အလိုက်၊ လစဉ်အလိုက် ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းမှာကြားထားသည်။








(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ