နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မှော်ဘီမြို့နယ်နှင့် တိုက်ကြီးမြို့နယ်အတွင်းရှိ ဓာတ်အားခွဲရုံများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဧပြီ ၂၀ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ရုံးချုပ် မှ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ 33/ 11 KV, 5 MVA ဖူးကြီး ဓာတ်အားခွဲရုံသို့ သွားရောက်၍ ဓာတ်အား ဖြန့်ဖြူးမှု အခြေအနေများ၊ ခွဲရုံကြံ့ခိုင်ရေး အခြေအနေများ၊ ခွဲရုံးအတွင်းအပြင် သန့်ရှင်း သာယာလှပရေး ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် တိုက်ကြီး မြို့နယ် 33/ 11 KV, 2 MVA ကျောက်တောင် ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှု အခြေ အနေများနှင့် ကျားချောင်း ကျေးရွာ ဧက ၂၀၀၀ မွေးမြူရေး ဇုန်ရှိ 33/ 11 KV, 5 MVA ဓာတ်အားခွဲရုံ တည်ဆောက် မည့် မြေနေရာသို့ သွားရောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ တိုက်ကြီး မြို့နယ် လျှပ်စစ်မန်နေဂျာရုံးရှိ 33/ 11 KV, (10+10) MVA မြို့ရုံး ဓာတ်အားခွဲရုံကို ကြည့်ရှု စစ်ဆေး၍ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း စဉ်ဆက်မပြတ် ဓာတ်အားပေးနိုင်ရေးအတွက် ဓာတ်အားခွဲရုံများ ထရန်စဖော် မာများ လောင်ကျွမ်းမှုမရှိစေ ရေး၊ မီးဘေးအန္တရာယ်၊ လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေး၊ ခွဲရုံအင်္ဂါရပ်များ နှင့်အညီ သန့်ရှင်းသာယာလှပ မှုရှိစေရေး ဆောင်ရွက်ရန်တို့ကို မှာကြားသည်။






ချစ်ဆောင် (YESC)






အခြားဆက်စပ်သတင်းများ