နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထက်သန်သော သဒ္ဓါတရား ကောင်းမှုဝေဆာ ကောင်းကျိုးဆောင်ကြဉ်း

မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ် ဆည်းကပ်သော နိုင်ငံဖြစ်သည်။ ဘာသာတရား၏ အဆုံးအမများ နှင့် လိုက်နာဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၌ ကုန်းဘောင် ခေတ် မင်းတုန်းမင်းလက်ထက်တွင် ပဉ္စသင်္ဂါယနာ၊ လွတ်လပ်ရေး ရပြီး ဝန်ကြီးချုပ် ဦးနု အစိုးရလက်ထက်တွင် ဆဋ္ဌသင်္ဂါယနာတို့ကို ကျင်းပနိုင်ခဲ့ပြီး ထေရဝါဒ ဗုဒ္ဓသာသနာ ခိုင်မာသော အခြေခံရှိသည့် နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း ပရိယတ္ထိ၊ ပရိပတ္တိ၊ ပရိဝေဒ ဟူသော သာသနာသုံးရပ် ထွန်းကားလျက်ရှိသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘာသာတရား၏ အနှစ်သာရ များတွင် ပါရှိသည့်အတိုင်း နိုင်ငံတော်အစိုးရနှင့်တကွ သက်ဆိုင် ရာ အဖွဲ့အစည်းအသီးသီးနှင့်  လူပုဂ္ဂိုလ်ပြည်သူအပေါင်းတို့က ကောင်းသောအမှုကိစ္စအဝဝတို့ကို တက်ညီလက်ညီ ဆောင်ရွက်ကြ သည်။ နိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ဘုရား ကျောင်း၊ ကန်၊ ဇရပ်များသို့ သွားရောက်၍ နိုင်သမျှ ဥပုသ်သီတင်း များကို ဆောက်တည်ကြသည်။

မိသားစုများ အတူတကွ နှစ်ဖက်မိဘ၊ လူကြီးသူမများကို အသုံးအဆောင်ပစ္စည်းအမျိုးမျိုးဖြင့် သွားရောက်ကန်တော့ကြသည်။ လူငယ်အချို့ကလည်း သက်ကြီးရွယ်အို အဘိုး၊ အဘွားများအား ရေချိုးပေးခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ အသုံးအဆောင်ပစ္စည်းများဖြင့် ကန်တော့ခြင်းစသည့် ဂါရဝအမှုများကို ပြုလုပ်ကြသည်။ မြို့ရွာ ရပ်ကွက်လမ်းတိုင်း၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခြင်းနှင့် ဇီဝိတဒါနအဖြစ် တိရစ္ဆာန်အမျိုးမျိုးတို့ကို ဇီဝိတဒါန ဘေးမဲ့ပေးကုသိုလ်ပြုကြသည်။ 

နှစ်ဟောင်းမှ မကောင်းသော အတွေး၊ အကြံအစည်၊ ပြုလုပ်မှု များကိုစွန့်ပယ်၍ ကောင်းသောအမှုများကို ပြုလုပ်ကြရန်လိုအပ် သည်။ နှစ်ဟောင်းမှ အခက်အခဲ၊ စိန်ခေါ်မှုများကို မေတ္တာတရား လွှမ်းခြုံကာ ကျော်လွှားကြရမည်ဖြစ်သည်။ 

ဗုဒ္ဓသာသနာသည် လောဘဟူသော အတ္တစွဲအားကြီးခြင်း၊ ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုခြင်း၊ ပိုင်ဆိုင်လိုခြင်း၊ ကုသိုလ်တရားမှ သွေဖည်ခြင်း၊ ဒေါသဟူသော ခက်ထန်ဟန်ဆောင်ခြင်း၊ ပုတ်ခတ် ညှဉ်းဆဲလိုခြင်း၊ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်းတရား ခေါင်းပါးခြင်း၊ သောကဗျာပါဒဖြစ်ခြင်း၊ ပူဆွေးဝမ်းနည်းခြင်း၊ မောဟဟူသော အသိဉာဏ်ပညာ ကင်းမဲ့ခြင်း၊ တွေဝေခြင်း၊ အကြောင်းနှင့်အကျိုး၊ ကုသိုလ်နှင့် အကုသိုလ်တို့ကို ခွဲခြားနိုင်စွမ်းမရှိခြင်း၊ လောဘနှင့် ဒေါသတို့ကို ဦးစီးခေါင်းဆောင်ခြင်းဟူသော သဘောများရှိသည့် ကိလေသာမီး သုံးပါးတို့ကို ငြှိမ်းသတ်ပေးသည်။ လိုချင်တပ်မက်မှု၊ တွယ်တာမှုတို့မရှိစေရန် စွန့်လွှတ်စွန့်လှူစေသည်။ မေတ္တာတရား၊ သည်းခံခြင်းတရားတို့နှင့် ပြည့်စုံစေသည်။ ပကတိကြည်လင် ချမ်းမြေ့စေသည်။ အသိဉာဏ်ဦးစီး၍ အကြောင်းအကျိုးအမှား အမှန်တို့ကို ခွဲခြားဆုံးဖြတ်နိုင်စေသည်။

ထက်သန်လှသော သဒ္ဓါတရားနှင့် ပေးလူမှုကုသိုလ်အပေါင်း သည် ဘဝပေါင်းများစွာအတွက် ကောင်းကျိုးများဖြစ်ပေါ်စေမည်  ဖြစ်သည့်အလျောက် စိတ်ရင်းစေတနာကောင်းများနှင့် မွန်မြတ် သည့် မေတ္တာတရားများ လွှမ်းခြုံနိုင်စေကြောင်း ဝမ်းမြောက် အနုမော်သာဓု ခေါ်ဆိုအပ်ပါကြောင်း။      






အခြားဆက်စပ်သတင်းများ