နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်မည်

ရန်ကုန် ဧပြီ ၁၉

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းကို ငါးနှစ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ပူဇော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းမပြုမီ အထက်ပစ္စယံရှိ စေတီရံများနှင့် နောင်တော်ကြီးစေတီတို့ကို တစ်နှစ်ကြိုတင်၍ ရွှေသင်္ကန်းကပ်လှူခြင်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ နောင်တော် ကြီးစေတီ ရွှေသင်္ကန်းကပ်လှူခြင်းကို အပြီးဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ယခုအခါ ရွှေတိဂုံစေတီတော်ကြီးတွင် ဘက်စုံပြုပြင်မွမ်းမံမှုများ ကို ဆောင်ရွက်လျက်ရှိရာ ဘုရားဖူးပြည်သူများ အပူဒဏ်သက်သာ စေရန် စေတီတော်ရင်ပြင်တော်ရှိ ကျောက်ပြားများကို ကော်ပတ်စား ခြင်း၊ ပေါ်လစ်တင်ခြင်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ အပိုင်း ၁ က ရာနှုန်းပြည့်ပြီးစီးသွား၍၊ အပိုင်း ၂ တွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။

ထို့ပြင် ၂၀၂၃ ခုနှစ်တွင် တောင်ဘက်စောင်းတန်းကြီးကို ပြုပြင်မွမ်းမံခဲ့ပြီး ယခုနှစ်တွင် အရှေ့ဘက်စောင်းတန်းနှင့် အနောက် ဘက်စောင်းတန်းတို့ကို ပြုပြင်မွမ်းမံသွားမည်ဖြစ်ပြီး လက်ရှိတွင် မုခ်ဦးဆောင်များနှင့် ရင်ပြင်ဦးဆောင်များရှိ ခြင်္သေ့ရုပ်တုများကို ကြံ့ခိုင်ရေးအတွက် ဆေးသုတ်မွမ်းမံခြင်းများ ဆောင်ရွက်လျက် ရှိသည်။    








(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ