နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေတိဂုံစေတီတော်မြောက်ဘက် သိင်္ဂုတ္တရဥယျာဉ်တော်အတွင်း ရှင်ဥပဂုတ္တမင်္ဂလာကန်တော်နှင့် ကန်တော်ကြီး၌ ဇီဝိတဒါနငါးနှင့်ငှက်လွှတ်ပွဲအခမ်းအနားများ ကျင်းပ

ရန်ကုန် ဧပြီ  ၁၈

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် နှစ်ဆန်း (၁) ရက်  ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့က ကြီးမှူးကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်း အနားကို ယမန်နေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော် မြောက်ဘက်  သိင်္ဂုတ္တရဥယျာဉ် တော်အတွင်းရှိ ရှင်ဥပဂုတ္တ မင်္ဂလာကန်တော်၌ ကျင်းပ သည်။

အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့်ဇနီး၊ တိုင်းဒေသ ကြီး တရားလွှတ်တော်တရားသူ ကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေတိဂုံစေတီ တော် ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ တက်ရောက် ကြသည်။ 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီဝိတ ဒါနအဖြစ် ရောင်စုံငါးကြင်း‌ ၁၂၀ဝ ကောင်ကို ရှင်ဥပဂုတ္တ မင်္ဂလာကန်တော်အတွင်း ဘေးမဲ့ လွှတ်ပေးကြသည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယမန် နေ့နံနက်ပိုင်းတွင် ဗဟန်း မြို့နယ်ရှိ ကန်တော်ကြီး၌  ဇီဝိတဒါနအဖြစ် ငါးကောင်ရေ နှစ်သိန်းနှင့် စာကလေးကောင် ရေ (၁,၀၀၀)၊ ချိုးငှက် ၃၆ ကောင် တို့ကို ဘေးမဲ့လွှတ်ပေး ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်  များသည် သီလရှင်ဆရာလေး များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။                                                                                                                    

 







ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ