နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ရန်ကုန်  ဧပြီ  ၁၈

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး နှစ်သစ်မင်္ဂလာ  အန္တရာယ်ကင်း ပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်ပွဲတွင် “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ သန်လျင် မြို့နယ်၊ မင်းကျောင်းပထမပြန် စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အရှင်သူ မြတ်ထံမှ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များနှင့်  ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသ ကြီး အဆင့်ဌာနဆိုင်ရာတာဝန် ရှိ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး  အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ကိုးပါးသီလ 

ခံယူ ဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်အပ်သော  ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ  ဆရာတော် အရှင်သူမြတ်ထံမှ  လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေ ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များက အန္တရာယ် ကင်းကမ္မဝါစာ ရွတ်ဖတ်တော် မူကြသည်။







ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ