နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လောကချမ်းသာအဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား (၂၃) ကြိမ်မြောက် မျက်နှာသစ်တော်ရေ ကပ်လှူပူဇော်ခြင်း မင်္ဂလာပြုလုပ်

ရန်ကုန်  ဧပြီ  ၁၈

အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်း မြေရှိ လောကချမ်းသာ အဘယ လာဘမုနိ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား (၂၃) ကြိမ်မြောက် မျက်နှာသစ်တော်ရေ ကပ်လှူ ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၌ ပြုလုပ်ရာ အခမ်းအနား သို့ အင်းစိန်မြို့နယ် အောင်ဆန်း တပ်ဦး တောရကျောင်းတိုက် ်းပြည်ပ ကမ္ဘာ့ဗုဒ္ဓ သာသနာပြု အောင်ဆန်း ဆရာတော် ဒေါက်တာဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ အမှူးပြုသော ပင့်သံဃာတော်များ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍ အခမ်းအနားကိုဖွင့်လှစ်ပြီး 

ကြွရောက်တော်မူလာကြသည့်  သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓရုပ်ပွား  တော်မြတ်ကြီးအား သဗ္ဗဇေယျ  အောင်ဂါထာဖြင့် ပူဇော်ကာ  မျက်နှာသစ်တော်ရေ ဆက်ကပ် ခြင်း၊ သွားတော်ဒန်ပူတိုက်ခြင်း နှင့် အနေကဇာတင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် ဂေါပကအဖွဲ့ဝင် များက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး အတွက် လှူဒါန်းခဲ့သော ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ကာ အင်းစိန် မြို့နယ် အောင်ဆန်းတပ်ဦး တောရကျောင်းတိုက် ပြည်တွင်း ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ ထံမှ ရေစက်ချတရားတော်များ နာယူကြသည်။                                                                                                                                     








ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ