နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီထွက်သီးနှံစိုက်ဧက သုံးသန်းကို အထူးဇုန်များအဖြစ် ယခုနှစ်မှစ၍အကောင်အထည် ဖော်မည်

ရန်ကုန် ၊ ဧပြီ  ၁၈

မြန်မာနိုင်ငံအတွင်းဆီထွက် သီးနှံစိုက်ပျိုးဧက ၈ ဒသမ ၃ သန်း ခန့်ရှိသည့်နက် ဧက သုံးသန်းကို ဆီထွက်သီးနှံ အထူးဇုန်များ အဖြစ် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်မှစ၍ အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ဆီထွက်သီးနှံအထူးဇုန်များ တွင် တောင်သူများအား လိုအပ် သော သွင်းအားစုများနှင့် နည်း ပညာများဖြည့်ဆည်းပေးပြီး ပန်းတိုင်အထွက်နှုန်း ရောက်ရှိ စေရေးကို အဓိကထားဆောင် ရွက်သွားမည်ဖြစ်သည်။

ယခုအခါ မကွေးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ တွင် ဆီထွက်သီးနှံ အထူးဇုန် များ စတင်သတ်မှတ်ဆောင်ရွက် နေပြီဖြစ်ရာ လက်ရှိတွင် မြေပဲ၊ နှမ်း၊ နေကြာ အဓိကစိုက်ပျိုး သည့် မကွေးနှင့် မန္တ‌လေးတိုင်း ဒေသကြီးများ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်တို့တွင် ဆီထွက်သီးနှံ အထူးဇုန် ခုနစ်ခုကို စတင်သတ် မှတ်ဆောင်ရွက်နေပြီဖြစ်သည်။

အထူးဇုန်များ အတွက် အထူးအရာရှိများ၊ မြေဆီလွှာ ပညာရှင်များ၊ မျိုးစေ့ပညာရှင် များနှင့် ပိုးမွှားရောဂါကာကွယ် ရေးပညာရှင်များ ပါဝင်သည်။ ပညာရှင်အဖွဲ့များက ဒေသအလိုက် မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံ တောင်သူများကို အသိပညာပေး စည်းရုံးဟော ပြောခြင်းနှင့် မျိုးစေ့နှင့် သွင်းအား စုများရရှိရေးအတွက်စီစဉ်ဆောင် ရွက်ပေးမည်ဟု သိရသည်။

အဓိကအားဖြင့် တောင်သူ များအနေနှင့် မိရိုးဖလာ စိုက်ပျိုး နည်းစနစ်များထက် သွင်းအားစု လိုအပ်ချိန်တွင် သွင်းအားစု များ အချိန်မှန်ထည့်သွင်းရန်၊ ရောဂါပိုးမွှားများ ကျရောက် သောအခါ အချိန်မီကာကွယ်နိုင် ရန်၊ ရေလိုအပ်ချိန်တွင် စိုက်ပျိုး ရေများ ဖြည့်ဆည်းပေးနိုင်စေ ရန် ပေါင်းစပ်ဆောင်ရွက်ခြင်း ဖြင့် ပန်းတိုင်အထွက်နှုန်းရရှိစေ ရန် ရည်မှန်းချက်ထား ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။                     







(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ