နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှားမြေပြိုမှု ပျောက်ဆုံးသူများ ဆက်တိုက်ရှာဖွေ

ဂျာကာတာ ဧပြီ ၁၈

အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း၌ မြေပြိုမှုကြောင့် ‌သေဆုံးသူ ၁၉ ဦးအထိရှိလာပြီး ပျောက်ဆုံးနေ သူများလည်း ရှိသဖြင့် ဆက်တိုက်ရှာဖွေ မှုများ ပြုလုပ်နေကြောင်း အာဏာပိုင် များ က ဧပြီ ၁၇ ရက်တွင် ပြောသည်။

၎င်းတို့သည် မြေပြိုမှုကြောင့် အပျက်အစီးပုံများအောက် ပိတ်မိနေ ခြင်းမျိုး ဖြစ်နိုင်ပြီး တန်နာတိုရာဂျာ ဒေသနှင့် အနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ယခုကဲ့သို့မြေပြိုရခြင်းဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားသည် မိုးရာသီတွင် မြေပြိုမှုအဖြစ်များသော နိုင်ငံတစ်ခု ဖြစ်ပြီး  အချို့နေရာများတွင် သစ်တော ပြုန်းတီးမှုများကြောင့် ပိုမိုဆိုးရွားလာ ကာ အချိန်ကြာမြင့်စွာ မိုးသည်းထန် ပါက ဒေသအချို့တွင် ရေကြီး ရေလျှံမှု ဖြစ်ပေါ်စေကြောင်း သိရသည်။

ပြီးခဲ့သည့်လကလည်း ရေကြီးခြင်း နှင့်မြေပြိုခြင်းများကြောင့် စူမားတြား ကျွန်း၌ လူပေါင်း ၃၀ ဦး သေဆုံးပြီး  လူ အများအပြားကို ပြန်လည် ရှာတွေ့ခြင်း မရှိသေးကြောင်း သိရသည်။ 






 (ref:CNA)






အခြားဆက်စပ်သတင်းများ