နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေထက် ၃၃ ဆ ပိုကြီးသော တွင်းနက်ကြီးတစ်ခု ကမ္ဘာနှင့် နီးကပ်နေကြောင်း တွေ့ရှိ

ဘရပ်ဆဲလ် ဧပြီ ၁၈

နေထက် ၃၃ ဆ ပိုမိုကြီးမားသော တွင်းနက်ကြီးတစ်ခုသည် ကမ္ဘာနှင့် နီးကပ်သောနေရာတွင် တည်ရှိနေ ခြင်းကို ဥရောပအာကာသ အေဂျင်စီမှ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိ ထားကြောင်း သိရသည်။

သိပ္ပံပညာရှင်များသည် နေ ထက် ၁၀ ဆကျော် ကြီးမားသော တွင်းနက်များကို ရှာဖွေတွေ့ရှိ ထား သော်လည်း ယခုနောက်ဆုံး ရှာဖွေ တွေ့ ရှိသည့် တွင်းနက်ကြီးသည် လူတို့ ရှာဖွေတွေ့ရှိသမျှတွင် အကြီးမားဆုံး တွင်းနက်ကြီးဖြစ်ကြောင်း ဥရောပ အာကာသအေဂျင်စီ သိပ္ပံပညာရှင် များက ဆိုသည်။

အဆိုပါ တွင်းနက်ကြီးကို Gaia BH3 ဟုအမည်ပေးထားပြီး ၎င်း သည် Aquila ကြယ်စုအနီးတွင် တည်ရှိ နေကာ လက်ရှိအချိန်တွင် ကမ္ဘာမှ အလင်းနှစ် ၂၀၀၀ ခန့်အဝေး တွင် တည်ရှိနေသော်လည်း နက္ခတ္တဗေဒ ပညာအရမူ ယင်းသည် အလွန် နီးကပ်သော အကွာအဝေး ဖြစ် ကြောင်း ဥရောပတောင်ပိုင်း နက္ခတ် တာရာသုတေသီများအဖွဲ့က ပြော သည်။

တွင်းနက်ဆိုသည်မှာ နေကဲ့သို့ ကြီးမားသော ကြယ်တစ်ခု ပျက်စီး ယိုယွင်းသွားလျှင် ဖြစ်ပေါ်လာ တတ်သည့် အရာဖြစ်ပြီး ဆွဲငင် အားပြင်း ထန်ကာ သာမန်ဒြပ် ပစ္စည်း များကိုသာမက အလင်းရောင် ကိုပင် လျှင် ဆွဲငင်စုပ်ယူသွားနိုင်သဖြင့် အဆိုပါ တွင်းနက်ကြီးကို မျက် ခြည်မပြတ် စောင့်ကြည့်လေ့လာနေ ကြောင်း သိရသည်။                                                                                                                    






(ref: Daily Mail)






အခြားဆက်စပ်သတင်းများ