နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူအေအီး ဉာဏ်ရည်တုကုမ္ပဏီအတွက် မိုက်ခရိုဆော့ဖ်က ဒေါ်လာ ၁ ဘီလီယံခွဲ ရင်းနှီးမြှုပ်နှံမည်

ဝါရှင်တန် ဧပြီ ၁၈

ယူအေအီးအခြေစိုက် ဉာဏ်ရည် တုကုမ္ပဏီ G42 အတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်က ဧပြီ ၁၇ ရက်တွင် ကြေညာသည်။

အမေရိကန် နည်းပညာကုမ္ပဏီ ကြီးဖြစ်သော  မိုက်ခရိုဆော့ဖ်သည် G42 ကုမ္ပဏီ၏  အစုရှယ်ယာနှင့် ဘုတ်အဖွဲ့ဝင်နေရာကို  ရရှိထားပြီး အဆိုပါ ကုမ္ပဏီနှင့်  ကမ္ဘာလုံးဆိုင်ရာ နည်းပညာ လွှမ်းမိုးမှု  ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေရန် ဆောင်ရွက် လိုခြင်းဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီနှစ်ခုသည် အမေရိကန်နှင့် ယူအေအီး အစိုးရများ၏ လုံခြုံရေး ဆိုင်ရာ အာမခံချက် ကျောထောက် နောက်ခံရထားပြီး အေအိုင်အက်ပ်လီ ကေးရှင်းများ လုပ်ဆောင်ရန် မိုက်ခရို ဆော့ဖ်၏ Cloud ဝန်ဆောင်မှုများကို အသုံးပြုခွင့်ရမည်ဖြစ်သည်။

ယူအေအီးဉာဏ်ရည်တုကုမ္ပဏီ G42 သည် တရုတ်နိုင်ငံရှိ  ရင်းနှီးမြှုပ်နှံ မှုများကို ဖျက်သိမ်းပြီး အမေရိကန် ကုမ္ပဏီများနှင့် ရေရှည်လက်တွဲရန် လုပ်ငန်းစဉ်များ    စတင်နေပြီဖြစ် ကြောင်း သိရသည်။       






 (ref: Reuters)






အခြားဆက်စပ်သတင်းများ