နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရှေ့အလယ်ပိုင်းတင်းမာမှုများကြောင့် ကမ္ဘာ့ ရေနံစျေးနှုန်းသက်ရောက်မှုရှိနိုင်

ဆိုးလ် ဧပြီ ၁၈

အရှေ့အလယ်ပိုင်းဒေသ တင်းမာ မှုများကြောင့် နိုင်ငံတကာ ရေနံဈေး နှုန်းအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနိုင်ပြီး တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးနှင့် ထောက်ပံ့ရေးကွင်းဆက် အပေါ် သိသာထင်ရှားသည့်သက်ရောက် မှုများ  ရှိလာနိုင်ကြောင်း တောင်ကိုရီး ယားသမ္မတ ယွန်းဆက် ယိုလ် က ဧပြီ ၁၇ ရက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသည်။ 

တောင်ကိုရီးယားနိုင်ငံသည် ဒေသ တွင်း အီရန်စွမ်းအင်ကို မှီခိုနေရပြီး အစ္စရေးကို အီရန်က တိုက်ခိုက်ပြီးနောက် အရှေ့အလယ်ပိုင်းတွင် မြင့်တက်လာ သည့် တင်းမာမှုများကြောင့် ဖြစ်ပေါ် လာနိုင်သော အန္တရာယ်များကို ကြိုတင် တုံ့ပြန်ထားသင့်ကြောင်း သမ္မတ ယွန်း က ပြောသည်။

တောင်ကိုရီးယားသည် အရှေ့ အလယ်ပိုင်း ရေနံစိမ်းအပေါ်  ၇၂  ရာခိုင် နှုန်း မှီခိုနေရခြင်းကြောင့် သယ်ယူ ပို့ဆောင်ရေးစရိတ်နှင့် နိုင်ငံတကာ ရေနံဈေးနှုန်းများ သိသာစွာ မြင့်တက် လာကာ ပြည်သူများအနေဖြင့် ပိုမို အနာခံရမည်ဖြစ်ကြောင်း သိရသည်။

ဟော်မုဇ် ရေလက်ကြားသည် တောင်ကိုရီးယားသို့ တင်သွင်းသည့် ရေနံ ၆၀ ရာခိုင်နှုန်းအတွက် သယ်ယူပို့ဆောင်ရေးစင်္ကြံဖြစ်သည်။ 








(ref: Reuters)






အခြားဆက်စပ်သတင်းများ