နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားအုန်းဆီဈေး ပြန်လည်ကျဆင်း

ရန်ကုန် ဇူလိုင်  ၁


ရန်ကုန်ဆီ‌ဈေးကွက်တွင် ဆီထုတ်ယူခွင့်စာရွက် DO လက်ကားတစ်ပိဿာဈေးနှုန်းသည် ဇွန် ၂၃ ရက်တွင် ၁၅၈၀/၁၅၈၅ကျပ်နှုန်းရှိရာမှ ဇွန် ၃၀ ရက်တွင်၁၅၁၅/၁၅၂၅ကျပ်နှုန်းသာရှိသည်ဟု ဆီအသင်း၏ နေ့စဉ်ဈေးနှုန်းအသိပေးထုတ်ပြန်ခြင်းများမှ သိရသည်။ ၂၀၂၀ ဇွန် ၃၀ရက်တွင် ပြည်ပစားအုန်းဆီ  FOB        တစ်တန်‌ဈေး (ဇူလိုင်လ‌‌ဈေးဇူလိုင်သင်္ဘောတင်)၅၉၅/၆၂၅ဒေါ်လာနှုန်း ပြည်ပပို့ကုန်ရငွေလဲနှုန်း၁၃၇၇  ကျပ်ဖြင့် ဆိပ်ကမ်းရောက်တစ်ပိဿာအရင်းဈေး(ယခု‌ရောက်)၁၅၁၈ကျပ်နှုန်း(ဇူလိုင်လ‌‌ရောက်)၁၅၃၅ကျပ် ဖြစ်ပြီး    DOစာရွက်လက်ကားတစ်ပိဿာ ရောင်းဈေး ၁၅၁၅/၁၅၂၅ကျပ်ပေပါဈေးတစ်ပိဿာ၁၅၇၅ကျပ်ဟု အသိပေးဖော်ပြထားသည်။


ဈေးကွက်အတွင်းလက်ငင်းဆီပေပါလိုက် လက်လီဝယ်ရာတွင် တစ်ပိဿာလျှင် ၁၅၄၀ကျပ်နှုန်းဖြင့်သာ ဝယ်ယူရသည်ဟု ဇွန် ၃၀ ရက်တွင် ဘိုကလေးမြို့အောင်သပြေဈေးမှ ရန်ကုန်သို့ဆီနှစ်ပေပါမှာယူရန်‌ဈေးနှုန်း‌ မေးခဲ့သူ ကိုဌေးကပြောသည်။


မေလ၂၇ရက်တွင် ပြည်ပFOBတစ်တန် (ဇွန်လဈေး ဇွန်သ‌င်္ဘောတင်)၅၆၀/၅၉၀ဒေါ်လာနှုန်းပြည်ပပို့ကုန်ရ ငွေလဲနှုန်း၁၄၀၇ကျပ်တစ်ပိဿာအရင်း‌ဈေး (ယခုရောက်)၁၅၅၁ကျပ်(ဇွန်လရောက်)၁၄၈၀ကျပ်ရှိပြီးDO    စာရွက် လက်ကားတစ်ပိဿာ ၁၄၆၀/၁၄၆၅ကျပ်နှုန်းသာ၏ရှိသည်ဟု  သိရသည်။


  ၂၀၂၀ ဇွန် ၂၉ ရက်တွင် အသိပေးထားသော ဆီအသင်း၏ အကြိမ် ၂၅၈ ကြိမ်မြောက်အထိ ပြည်ပ ပို့ကုန်ရငွေရှိသူတိုင်းအနေဖြင့် ပြည်ပမှစားအုန်းဆီတင်သွင်းခွင့်လျှောက်ထားမှုများအပေါ် ဆီအသင်းထောက်ခံ ချက်ထုတ်ပေးမှုများအရ ၂၀၂၀ အတွင်း နှစ်ဝက်ကာလပြည့်မီတွင် ထောက်ခံချက်ထုတ်ပေးသည့်စားအုန်းဆီ နှစ်မျိုးတန်ချိန်မှာ ၅၈၀၀၀၀ တန်ဝန်းကျင်ရှိရာ လိုအပ်ချက်အရ တစ်နှစ်အတွင်းပြည်တွင်းစားသုံးရန်ပြည်ပမှ တင်သွင်းနေခဲ့ရသော ဆီတန်ချိန်ခြောက်သိန်းဝန်းကျင်ကို နှစ်ဝက်အတွင်းတွင်တင်သွင်းထားနိုင်မည်ဖြစ်သည်။


သို့ဖြစ်ရာပြည်တွင်း စားသုံးရန်စားသုံးဆီလုံ‌‌လောက်နိုင်သည့်အပြင် ပြည်ပ‌စားအုန်းဆီ‌ဈေးနှုန်းနှင့်ပြည်ပပို့ကုန်ရငွေလဲနှုန်းတို့အနိမ့်တွင်ရှိနေစဉ်တင်သွင်းမှုများပြားသဖြင့် ထူးခြားဖြစ်စဉ်မရှိပါက ပြည်တွင်းစားအုန်း ဆီဈေးနှုန်းတို့ မကြီးနိုင်ဟု နယ်ပို့စားအုန်းဆီအဝယ်တော်တစ်ဦးက သုံးသပ်ပြောကြားသည်။



မိုးပွင့်သူ






အခြားဆက်စပ်သတင်းများ