နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID- 19 ကာလ ဆေးရုံ၌အရေးပေါ်လိုအပ်နေသည့်သွေးများရရှိနိုင်ရန်အတွက် ဒါနဒူတ ပရဟိတအဖွဲ့မှ သွေးလှူဒါန်းမည်

ရန်ကုန် ဇူလိုင်  ၁


COVID - 19ကာလဆေးရုံ၌ အရေးပေါ်လိုအပ်နေသည့် " သွေး "ပုလင်းများအတွက် ဒါနဒူတပရဟိတ အဖွဲ့မှ ဇူလိုင် ၅ရက် တနင်္ဂနွေနေ့ နံနက်(၉)နာရီမှစတင်၍ လူစုလူဝေးမဖြစ်စေရန်စည်းကမ်းတကျဖြင့်၊ အသုတ်လိုက်ခွဲပြီး၊သင်္ဃန်းကျွန်းအထွေထွေစံပြဆေးရုံကြီးတွင်၊ဒါနဥပပါရမီမြောက်" သွေး "လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။


ပုံမှန်(၄)လတစ်ကြိမ်လှူဒါန်းနေကြအသင်းသားများပြန်ဆုံရန်ဒါနဒူတသွေးလှူရှင်များနှင့်သွေးလှူမည့်သူများလာရောက်လှူဒါန်းနိုင်ပါကြောင်းကို ဒါနဒူတပရဟိတအဖွဲ့ကကြိုဆိုလျက်ရှိသည်။


အဆိုပါသွေးလှူဒါန်းမည့်သူများသည် ဇူလိုင် ၅ ရက် နံနက် ၈ နာရီအချိန်တွင်တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီရုံးသို့ အသင်းအင်္ကျီအဖြူဝတ်ဆင်ပြီးအရောက်လာကြရမည်ဖြစ်ပြီး ထို့နောက် သွေးလှူရှင်များကိုအသင်းတံဆိပ်လိုဂိုရိုက်နှိပ်ထားသည့် MASK၊ရင်ထိုး၊ခေါင်းစွပ်၊လက်အိတ်၊ရေသန့်၊SHARK အချိုရည်ဘူး၊ဘဲသားမုန့်များပေးဝေသွားမည်ဖြစ်ပြီးသွေးလှူပြီးပါကလည်းနံနက်စာအဖြစ်ကြက်သားဆီပြန် ဟင်း၊ပဲကုလားဟင်း၊ငပိထောင်း၊တို့စရာအစုံဖြင့်ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်းသိရသည်။


လာရောက်ပါဝင်လှူဒါန်းမည့် သွေးလှူရှင်များထဲမှ လှိုင်/သမိုင်း(ဗဟိုလမ်း)၊ လှိုင်သာယာတို့တွင်နေထိုင် ကြသည့် သွေးလှူရှင်များကို YBSကား(၄)စီးဖြင့် ကြို/ပို့စီစဉ်ပေးထားပြီးအခြားမြို့နယ်များမှ လှူဒါန်းမည့် သွေးလှူရှင်များမှာ မိမိအစီအစဉ်ဖြင့်  လာရောက်ကြရမည်ဖြစ်သည်။


အဆိုပါသွေးလှူဒါန်းရန်အတွက် ပါဝင်လိုသူများအနေဖြင့် ကြိုတင်စာရင်းပေးပို့ထားနိုင်ရန် ဖော်ပြပါ ဖုန်းနံပါတ်များဖြစ်သည့် ဦးသိန်းလွင် -09.775037369၊ ကိုကျော်ကျော် -09.777396712၊ ကိုတင်ယု -09.795347640၊ ကိုတင်ဇော်လင်း -09.421004326၊ မကြည်ပြာ -09.798144620တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီဖြစ်သည်။


(NWA)






အခြားဆက်စပ်သတင်းများ