နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေပြည်သာမြို့နယ် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်

ရန်ကုန် ဧပြီ ၁၂

ရွှေပြည်သာမြို့နယ်၊ ဘုံရှည်ကုန်းကျေးရွာ၊ သာဓုကန်ဘုရား လမ်းရှိ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းနှင့်အမှတ်(၁)ရပ်ကွက်၊ အောင်ချမ်းသာလမ်းရှိ အမှတ်(၁၂) အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဧပြီ ၁၀ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးကြီးကြပ် ၍မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများမှတွဲဖက် ဝန်ထမ်းများပူးပေါင်းအင်အား(၆၀)ဦးဖြင့် ကျောင်းတွင်း၊ ကျောင်း ပြင်သန့်ရှင်းရေးပြုလုပ်ခြင်း၊ မြက်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုး ကိုင်းများဖြတ်ညှိ ပုံသွင်း အလင်းဖွင့်ခြင်း၊ အမြင်မတင့်တယ်သည့် သစ်ခြောက်ပင်များရှင်းလင်းခြင်း၊ အမှိုက်၊ သဲ၊ ခဲများ လှည်းကျင်း ရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်ကြွေအမှိုက်များ သိမ်းဆည်းရှင်း လင်းခြင်း၊ ရေမြောင်းအတွင်း အမှိုက်နှင့်မြောင်းချေးများ ဆယ် ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ ထွက်ရှိ အမှိုက်နှင့်မြောင်းချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်း သယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းတို့အား ဆောင်ရွက်ကြစဉ်။






ကျော်သူထက်






အခြားဆက်စပ်သတင်းများ