နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်

ရန်ကုန် ဧပြီ ၁၂

တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ လမ်း ၁၄၀ ရှိ အမှတ်(၃၃)အခြေခံပညာမူလတန်းကျောင်း သန့်ရှင်းသာယာလှပစေရေးဧပြီ ၁၀ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကြီးကြပ် ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့်ဌာနများက တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၂၀ဦးဖြင့် စာသင်ခန်းများ အတွင်းဖုန်၊ အမှိုက်များရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များသိမ်း ဆည်းခြင်း၊ ကျောင်းတွင်း ကျောင်းပြင်သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ထွက်ရှိ အမှိုက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ရေစည်ရေကန်များကိုအဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲ စစ်ပြုလုပ်ခြင်း၊ ကျန်းမာရေးပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းတို့ကိုဆောင်ရွက်ကြစဉ်။                               




ယဉ်မွန်






အခြားဆက်စပ်သတင်းများ