နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပူလီဆစ်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် အေစီမီလန်အသင်း ကမ်းလှမ်း

ဧပြီ ၁၂

အေစီမီလန်အသင်းသည် ယခုနှစ် ဘောလုံးရာသီတိုက် စစ်ပိုင်းတွင် ခြေစွမ်းပြကစား နေသည့် ပူလီဆစ်ကို ကာလရှည် ထိန်းသိမ်းရန်အတွက် သက် တမ်းတိုးစာချုပ်ချုပ်ဆိုရန်ကမ်း လှမ်းမှုပြုလုပ်ခဲ့ကြောင်း သိရ သည်။

တိုက်စစ်မှူးပူလီဆစ်သည် ၂၀၂၃ ခုနှစ် နွေရာသီကချဲလ် ဆီးအသင်းမှ အေစီမီလန်အသင်း သို့ ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ဖြင့် ပြောင်းရွှေ့ရောက် ရှိခဲ့ပြီးနောက် အသင်းတွင်ပါဝင် ကစားခဲ့သည့် ပြိုင်ပွဲစုံတွင်သွင်း ဂိုး ၁၄ ဂိုးနှင့် ဂိုးဖန်တီးမှု ရှစ် ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ကာပထမ ဆုံးပွဲဦးထွက် ဘောလုံးရာသီ တွင် အသင်းအတွက် ခြေစွမ်း ပြသနိုင်ခဲ့သောကြောင့်အသင်း တာဝန်ရှိသူများက၎င်း၏ခြေ စွမ်းပိုင်းကို နှစ်သက်နေပြီး ၂၀၂၇ ခုနှစ်မှ သက်တမ်းကုန် ဆုံးမည့် ပူလီဆစ်ကို တစ်နှစ် သက်တမ်းတိုးရန် စာချုပ်သစ် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

အသက် ၂၅ နှစ်အရွယ်ရှိ တိုက်စစ်မှူး ပူလီဆစ်က အီတလီ တွင် ကစားရသည့် အေစီမီလန် ကစားသမားဘဝသည်ဂျာမနီ နှင့် အင်္ဂလန်တို့တွင်ကစားခဲ့ ရသည်ထက် ပိုမိုကောင်းမွန် ကြောင်း ပြောကြားခဲ့ပြီးလက်ရှိ တွင် ၎င်းအနေဖြင့်အသင်း၏ ခြေစွမ်းပြ ကစားသမားများဖြစ် သည့် ရာဖေးလီအို၊ ဂျရူးဒ်၊ တစ်နိုင်ငံတည်းသား မူဆာတို့  နှင့်အတူ ပရိသတ်များ၏အားပေး ထောက်ခံမှုကို ရရှိခဲ့ကြောင်း သိရသည်။                       





သူရိန်






အခြားဆက်စပ်သတင်းများ