နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဗယ်ဗာဒီကို ခေါ်ယူရန် လီဗာပူးအသင်း ပြင်ဆင်

ဧပြီ ၁၂

လီဗာပူးအသင်းက လာ မည့် နွေရာသီအပြောင်းအရွှေ့ ကာလတွင် ရီးရဲလ် မက်ဒရစ် အသင်းကွင်းလယ်ကစားသမား ဗယ်ဗာဒီ ကိုကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ခေါ်ယူရန်အတွက် ပြင်ဆင် လျက်ရှိကြောင်း သိရသည်။

လီဗာပူးအသင်းသည် ပြီးခဲ့ သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလက ဟန်ဒါဆန်၊ ဂျိမ်းမီနာ၊ဖာဘင်ဟို၊ နာဘီကီတာ၊ ချိန်ဘာလိန်အစရှိ သည့် ကစားသမားများကို အသင်းမှ ထွက်ခွာခွင့်ပေးခဲ့ပြီး နောက် မက်အဲလစ္စတာ၊ အန်ဒို၊ ဆိုဘိုစလိုင်း၊ ဂရာဗန် ဘာ့ချ်တို့ နှင့် ပြန်လည်အစားထိုးခဲ့သည်။

သို့သော် လီဗာပူးအသင်း သည် ကွင်းလယ်ပိုင်းကိုယခု ထက် ပိုမိုအင်အားတောင့် တင်းလိုသည့်အတွက်နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလတွင် ရီးရဲလ်မက်ဒရစ် အသင်းနှင့် အကောင်းဆုံးခြေ စွမ်းပြသလျက်ရှိနေသည့်ဗယ် ဗာဒီကို ခေါ်ယူလိုနေခြင်းဖြစ် သည်။

ဗယ်ဗာဒီသည် လက်ရှိတွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့် အတူ အကောင်းဆုံးခြေစွမ်း ပြသလျက်ရှိနေပြီး ဥရောပ တွင် အကောင်းဆုံးကွင်းလယ် ကစားသမားများမှတစ်ဦးအပါ အဝင်အဖြစ် ရပ်တည်လျက်ရှိနေ သည့်အတွက် လီဗာပူးအသင်း က ကလပ်စံချိန်တင်ပြောင်းရွှေ့ ကြေးတစ်ရပ်ဖြင့် ခေါ်ယူလိုနေ ခြင်း ဖြစ်သည်။






သူရိန်






အခြားဆက်စပ်သတင်းများ