နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကနေဒါတောမီး ကပ်ဘေးသဖွယ် ဖြစ်လာနိုင်

အော့တဝါ၊ ဧပြီ ၁၂

ကနေဒါနိုင်ငံတွင် ယခုနှစ် အယ်လ် နီညို ရာသီဥတုဖြစ်စဉ်ကြောင့် တော မီးများလောင်ကျွမ်းနေပြီး ယင်းအခြေ အနေသည် ကပ်ဘေးအသွင် ဆိုးရွားစွာ ဆက်လက်ဖြစ်ပေါ် နိုင်ကြောင်း ကနေဒါ အစိုးရက ဧပြီ ၁၁ ရက်တွင် ပြောသည်။ 

ကနေဒါနိုင်ငံတစ်ဝန်း နွေဦးနှင့် နွေရာသီတွင် ပုံမှန်ထက် နေ့အပူချိန် တိုးလာပြီးနောက် ကနေဒါအစိုးရက ယခုကဲ့သို့ သတိပေးပြောဆိုမှု ပြုလုပ် လာခြင်းဖြစ်သည်။

ယမန်နှစ်က ကနေဒါနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုဖြစ်စဉ် ၆၆၀၀ ဖြစ်ပွားခဲ့ကာ သစ်တောမြေဟက်တာ ပေါင်း ၁၅ သန်း မီးကျွမ်းပျက်စီး သွားပြီး ယင်းပမာဏသည် နှစ်စဉ် တောမီးကြောင့်ပျက်စီးသည့် သစ်တော မြေဧရိယာထက် ခုနစ်ဆခန့် ပိုမိုများ ပြား ကြောင်း သိရသည်။

အဆိုပါ တောမီးလောင်ကျွမ်းမှု အတွင်း မီးသတ်သမား ရှစ်ဦးသေဆုံး ကာ  လူပေါင်း ၂၃၀,၀၀၀ အိုးအိမ် စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပြီး ကနေဒါ တောမီးငြိမ်းသတ်ရေးအတွက်တောင် အာဖရိက ၊ စပိန် အပါအဝင် နိုင်ငံတကာ မီးသတ်သမား ၅၅၀၀နှင့် ကနေဒါ စစ်သည် ၂၁၀၀ ကျော် ပါဝင်ဆောင် ရွက်ခဲ့ရသည်။






(ref:AP)






အခြားဆက်စပ်သတင်းများ