နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးလိပ်နှင့်ကျန်းမာရေး သတိပြုလိုက်နာ

ဆေးလိပ်အန္တရာယ်သည် သောက်သုံးသူကိုသာမက အနီး ပတ်ဝန်းကျင်နေသူများကိုပါ အန္တရာယ်ပြုနိုင်သည်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးကလည်း ဆေးလိပ်မသောက်သူများသည် တစ်ဆင့် မီးခိုးရှုရှိုက်မိပြီးရောဂါဖြစ်ပွားလျက်ရှိကြောင်း အသိပေးကြေညာ ချက်ထုတ်ပြန်ထားသည်။

 ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ် ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၄) ကို ဧပြီ ၉ ရက်က ကျင်းပရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက" အသစ်ပေါ်ထွက်လာသည့် အီး-စီးကရက်ကဲ့သို့သော အီလက်ထရွန်နစ်အငွေ့ရှုစက်များ သုံးစွဲမှု သည် ကျန်းမာရေးကိုထိခိုက်စေသည့်အတွက် လူငယ်များအနေဖြင့် အဆိုပါအီလက်ထရွန်နစ်အငွေ့ရှုစက်သုံးစွဲမှုမှ ကာကွယ်တား ဆီးရန်အတွက်လိုအပ်သော မူဝါဒ၊အစီအမံနှင့်  ဥပဒေပြဌာန်းချက်များ ချမှတ်ရန်လိုအပ်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မကူးစက်နိုင်သောရောဂါများကြောင့် ကမ္ဘာပေါ်တွင်နှစ်စဉ် လူဦးရေသန်း ၄၀ ကျော် အသေအပျောက်ရှိသည်။ မကူးစက်နိုင်သော ရောဂါများဆိုသည်မှာ နှလုံးသွေးကြောကျဉ်း၊ သွေးတိုး၊ ကင်ဆာ ရောဂါ၊ သွေးချို၊ ဆီးချို၊ နာတာရှည်အဆုတ်ရောင်စသည့်ရောဂါ များဖြစ်ကြသည်။ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းများမှာ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သည့် အရက်အဖျော်ယမကာ သောက်သုံးခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက် များစားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းတို့ဖြစ် သည်။

ပြည်သူ့ကျန်းမာရေးပြဿနာ၏အခြေခံအကြောင်းတစ်ခု ဖြစ်သော ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုကို ထိန်းချုပ်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ကြီးကြပ်ရေး အဖွဲ့ဖွဲ့စည်းရန်နှင့် သောက်သုံးမှုကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းရန် နှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးရန်လိုအပ်လျက်ရှိသည်။

သို့ဖြစ်ရာလူငယ်များအတွင်း ဆေးရွက်ကြီးထွက်ပစ္စည်း (နှပ်ဆေး၊ ဆေးပေါင်း) ပါသည့် ကွမ်းယာစားသုံးမှုမြင့်တက်နေ ခြင်း၊ အီးစီးကရက်ကဲ့သို့ အီလက်ထရွန်နစ်အငွေ့ရှုစက်များ သုံးစွဲ မှုမှ ကာကွယ်တားဆီးရန်အတွက် ထိထိရောက်ရောက်ထိန်းချုပ် နိုင်ရန် အသိပညာပေးနည်းလမ်း၊ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြပါမည်အကြောင်း။    






အခြားဆက်စပ်သတင်းများ