နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယရွေးကောက်ပွဲအကြိုကာလ အလံချုပ်ထုတ်လုပ်မှု များပြားလာ

နယူးဒေလီ၊ ဧပြီ ၁၂

မဲပေးသူ လူဦးရေသန်း ၁၀၀၀ နီးပါးရှိသည့် အိန္ဒိယတွင် နှစ်လကြာ ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးပါတီများ၏ အလံ၀ယ် လိုအားများလာခြင်းကြောင့် အထည် ချုပ်လုပ်ငန်းများတွင် ဆာရီအစား အလံများကိုယာယီ ပြောင်းလဲချုပ် လုပ်နေကြောင်း သိရသည်။

အလံချုပ်လုပ်ငန်းများကို တိုးချဲ့ပြီး အချိန်ပို လုပ်ဆောင်နေကြကာ ဧပြီ ၁၉ ရက် ရွေးကောက်ပွဲ နီးကပ်လာ သည်နှင့်အမျှ အထည်ချုပ် လုပ်ငန်းရှင် များသည် ရွေးကောက်ပွဲအလံနှင့် နဖူးစည်းများကို ပိုမိုချုပ်လုပ်လျက်ရှိ သည်။

အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ပြည်နယ် နှင့်အဓိကနိုင်ငံရေး တိုက်ပွဲဖြစ်သည့် ဥတ္တာပရာဒေ့ရှ်ပြည်နယ် မာသူရာမြို့ တွင် အလံချုပ်လုပ်နေသော စက်ရုံ ပေါင်း ၄၀ ခန့် ရှိပြီးရွေးကောက် ပွဲ ကုန် ပစ္စည်းများတွင် ပါတီတံဆိပ်တစ်ခု၏ စျေးနှုန်းသည် တစ်ရူပီးမှ စတင်ကြောင်း သိရသည်။

နိုင်ငံရေးပါတီများသည် သေးငယ် သည့် ကုန်စည်များမှစ၍ ရဟတ်ယာဉ် ငှားသည့် ဝန်ဆောင်မှုအထိ ငွေသုံးစွဲ ခြင်းကြောင့် အိန္ဒိယရွေးကောက်ပွဲ သည် နိုင်ငံအတွင်းစီးပွားရေး လုပ်ငန်း များအတွက် ပိုမိုအကျိုး သက်ရောက် စေကြောင်း သိရသည်။                                                 






(ref: CNA)






အခြားဆက်စပ်သတင်းများ