နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ ဆောင်ရွက်မည်ဟု ဘီလျံနာ အီလွန်မတ်စ်ပြော

နယူးဒေလီ၊ ဧပြီ ၁၂

ဘီလျံနာအီလွန်မတ်စ်သည် ယခု လအတွင်း အိန္ဒိယကို သွားရောက်ကာ ဝန်ကြီးချုပ်မိုဒီနှင့်တွေ့ဆုံမည်ဖြစ် ပြီး အိန္ဒိယတွင် စက်ရုံသစ်တစ်ခု ဖွင့် လှစ်ရန် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

 လာမည့် ဧပြီ ၂၂ ရက်တွင် ဝန်ကြီးချုပ်မိုဒီနှင့်မြို့တော် နယူး ဒေလီတွင် တွေ့ဆုံသွားမည်ဖြစ်ပြီး အီလွန်မတ်စ်၏  အိန္ဒိယနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များနှင့် ပတ်သက်၍ သီးခြားကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရ သည်။

အီလွန်မတ်စ်၏ ခရီးစဉ်အတွင်း အခြား အမှုဆောင်အရာရှိများလည်း လိုက်ပါမည်ဖြစ်ကာ အမေရိကန် ဒေါ်လာနှစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံ နိုင်မည့် ထုတ်လုပ်ရေးစက်ရုံ တစ်ခု အတွက် လုပ်ငန်းခွင်နေရာများကို သွားရောက် ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယတွင် အနည်းဆုံး အမေ ရိကန် ဒေါ်လာ သန်း ၅၀၀ ရင်းနှီး မြှုပ်နှံပြီး စက်ရုံထူထောင်မည်ဆိုပါက အချို့ EV ကားမော်ဒယ်များအတွက် သွင်းကုန်ခွန် ၁၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ လျှော့ချပေးမည် ဖြစ်ကြောင်း အိန္ဒိယအစိုးရက မူဝါဒ တစ်ရပ် ကြေညာထားသည်။







(ref: CNA)






အခြားဆက်စပ်သတင်းများ