နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒလမြို့နယ် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်

ရန်ကုန်  ဧပြီ  ၁၂

ဒလမြို့နယ်၊၁၁/၁၄ရပ်ကွက်၊ ပိတောက်လမ်းရှိအမှတ်(၁)အခြေခံ ပညာမူလတန်းကျောင်းသန့်ရှင်းသာယာလှပရေး ဧပြီ ၉ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးကြီးကြပ်၍   မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးဌာနများက တွဲဖက်ဝန်ထမ်းများနှင့် ပညာရေးဝန် ထမ်းများပူးပေါင်းအင်အား  ၃၀ ဦးဖြင့် မြက်ပင်ချုံနွယ်များခုတ်ထွင် ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်း များ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ ကျောင်းအမိုးပေါ်ရှိသစ်ရွက်ကြွေအမှိုက်များရှင်းလင်းခြင်း၊  ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်း အတွင်းရှိ  အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊စွန့်ပစ် အမှိုက််များသိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊သဲခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်၊သစ်ကိုင်းသစ်ခက်နှင့်မြောင်းချေးများ ကို ယာဉ်တစ်စီးဖြင့်သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ် ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ရေစည်ရေကန်များကို အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ ကျန်းမာရေးပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းတို့ ဆောင်ရွက်ကြစဉ်။











ယဉ်မွန်






အခြားဆက်စပ်သတင်းများ