နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခဝဲစိုက်တောင်သူများ ဈေးကောင်းရ၍ အဆင်ပြေ

စဉ့်ကိုင်   ဇူလိုင်    ၁


မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ခဝဲစိုက်တောင်သူများ ဝင်ငွေကောင်းလျက်ရှိကြောင်း သိရ သည်။


လက်ရှိကာလ ရာသီပေါ်သီးနှံ ခဝဲစိုက်ခင်းများစိုက်ပျိုးရာတွင် အရည်အသွေးပြည့်မီသည့် သီးနှံရရှိရေးနှင့် ဈေးကောင်းရရှိရေးအတွက် စတင်စိုက်ပျိုးသည့်စနစ်ကို အားထားစိုက်ပျိုးလာသည်။ ခဝဲသီးများကို မေလ ဒုတိယပတ်မှ စတင်ခူးဆွတ်ခဲ့ပြီး အဖွင့်(ဖောက်သည်ဈေး) ငွေကျပ် ၈ဝဝ ဖြင့် စတင်ခဲ့သည်။


လက်ရှိကာလတွင် ခဝဲသီးလှိုင်လှိုင်ပေါ်နေပြီး တစ်ပိဿာငွေကျပ် ၇၅ဝ ဖြင့် ဖောက်သည်ပေးရသည်။ ခဝဲတစ်ဧကစိုက်ပျိုးပါက တစ်ရက်ခြားခူးဆွတ်ပေးရပြီး တစ်ကြိမ်ခူးပါက ပိဿာ  ၂ဝဝ ကျော်အထိရရှိသည်။


ခဝဲစိုက်ပျိုးရာတွင် အရည်အသွေးပြည့်မီစေရန်အတွက် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ဝယ်ယူ စိုက်ပျိုးကြသည်။ ခဝဲမျိုးစေ့တစ်ထုပ်လျှင် ငွေကျပ် ၆၅ဝဝ ပေးရပြီး တစ်ဧကလျှင် မျိုးစေ့ထုပ် ရှစ်ထုပ်ခန့် စိုက်ပျိုးကြသည်။ ခဝဲသီးနှံစိုက်ပျိုးခြင်းသည် အရှုံးမရှိသည့်တွက် နှစ်စဉ်စိုက်ပျိုးကြကြောင်း သိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ