နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပီအက်စ်ဂျီကို အနိုင်ရပြီး ဘာစီလိုနာအသင်း နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်း

ဧပြီ ၁၁

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနှင့် ဘာစီလိုနာအသင်းတို့ ယနေ့နံနက် အစောပိုင်းက ယှဉ်ပြိုင်ကစားကြရာ ဘာစီလိုနာအသင်းက သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့်တက်ရန် အခြေအနေ ကောင်းနေသည်။ 

ပထမပိုင်းတွင် နှစ်သင်းစလုံက အမှားအယွင်းနည်းအောင် ထိန်းကစားခဲ့သည့်အတွက် ပွဲက အနည်းငယ်အေးခဲ့ပြီး တိုက်စစ်မှူး အမ်ဘတ်ပီကို ဘာစီလိုနာလူငယ်ခံစစ်ကစားသမား ကျူဘာစီက အကောင်းဆုံးပုံစံဖြင့် ထိန်းချုပ်ကစားခဲ့ခြင်းကြောင့် ခြေစွမ်းပြရန် ရုန်းကန်ခဲ့ရသည်။

ပွဲကစားချိန် ၃၇ မိနစ်တွင် ရာဖင်ညာက ဘာစီလိုနာအသင်း အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြိး ဧည့်သည်အသင်း ပထမပိုင်း ကို ဦးဆောင်ခွင့်ရခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်မှုများ ဖြင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ၄၈ မိနစ်တွင် အမ်ဘီလီက ပီအက်စ်ဂျီ အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ကာ ၅၁ မိနစ်တွင် ဗီတင် ညာက ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။ ပီအက်စ်ဂျီအသင်း၏ ခံစစ်အားနည်းချက်များကြောင့် ဘာစီလိုနာအသင်းကို ဂိုးများ ဆက် တိုက်ပေးခဲ့ရကာ အိမ်ကွင်းတွင် ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ဘာစီ လိုနာအသင်းအတွက် နောက်တစ်ဆင့်တက်ရန် အခြေအနေ ကောင်းစေမည့် ဂိုးများကို ပွဲချိန် ၆၂ မိနစ်တွင် ရာဖင်ညာနှင့် ၇၇ မိနစ်တွင် ခရစ္စတင်ဆနတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့၏ အခြား ပွဲစဉ်တွင် အေတီကိုအသင်းက ဒေါ့မွန်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။                                           






သူရိန်






အခြားဆက်စပ်သတင်းများ