နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာမည့်နွေရာသီတွင် အေစီမီလန်အသင်းမှ ထွက်ခွာရန် ရာဖေးလီအို ဆုံးဖြတ်

ဧပြီ ၁၁

အေစီမီလန်အသင်း တောင် ပံကစားသမား ရာဖေးလီအို သည်လာမည့်နွေရာသီအပြောင်း အရွှေ့ကာလတွင် အသင်းမှထွက် ခွာရန် ဆုံးဖြတ်ခဲ့ကြောင်းသိရ သည်။

အေစီမီလန်အသင်းနှင့် အတူ ခြေစွမ်းပြသနေသည့် တောင်ပံကစားသမား ရာဖေး လီအိုကို ဥရောပထိပ်သီးအသင်း များက စိတ်ဝင်စားလျက်ရှိပြီး လက်ရှိတွင် ပီအက်စ်ဂျီအသင်း က ခေါ်ယူနိုင်ရေး ချိတ်ဆက်မှု ပြုလုပ်နေသောကြောင့် ကစား သမားအနေဖြင့် အသင်းမှထွက် ခွာရန် သေချာနေခြင်းဖြစ်သည်။

ထို့ကြောင့် အေစီမီလန် အသင်းသည် ရာဖေးလီအို၏ နေရာတွင် အစားထိုးနိုင်ရန် အင်္ဂလန်ချန်ပီယံရှစ်ကလပ်လိဒ်  အသင်းတွင် ပြိုင်ပွဲစုံ ၄၂ ပွဲ၌ သွင်းဂိုး ၁၈ ဂိုးနှင့် ဂိုးဖန်တီးမှု ကိုးကြိမ်ထိ ပြုလုပ်နိုင်ခဲ့သည့် လူငယ်ကစားသမား ဆမ်မားဗီ လီကို ခေါ်ယူရန် ကြိုးပမ်းနေပြီး ပရီးမီးယားလိဂ်ကလပ်ဝက်စ် ဟမ်း အသင်းနှင့် အပြိုင်ကမ်း လှမ်းမှု ပြုလုပ်ရမည်ဖြစ်သည်။

၎င်းသည် လိဒ်အသင်းနှင့် လာမည့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေ သော်လည်း ဥရောပပြိုင်ပွဲကစား ရန် ဆန္ဒရှိနေသောကြောင့် အေ စီမီလန်အသင်းအနေဖြင့် ဆမ် မားဗီလီကို ခေါ်ယူနိုင်ရန် အခွင့် အရေးရှိနေခြင်းဖြစ်သည်။







သူရိန်






အခြားဆက်စပ်သတင်းများ