နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေကြတ်ချိန် ဓာတ်ရောင်ခြည် ဖြာထွက်မှုကို မောင်းသူမဲ့ ဒရုန်းနှစ်စင်း စေလွှတ်၍ နာဆာ လေ့လာ

ဝါရှင်တန်၊ ဧပြီ ၁၁

၂၀၂၄ ခုနှစ်၏ ပထမဆုံး နေကြတ် မှုဖြစ်စဉ်သည် ဧပြီ ၈ ရက်တွင် ဖြစ်ပေါ်ခဲ့ပြီး နာဆာက ယင်းဖြစ်စဉ် အတွင်း ဓာတ်ရောင်ခြည်ဖြာထွက် မှုကို လေ့လာနိုင်ရန် မောင်းသူမဲ့ ဒရုန်း နှစ်စင်းကို စေလွှတ်ထားကြောင်း သိရ သည်။

နေကြတ်ချိန် ဓာတ်ရောင်ခြည် ဖြာထွက်မှုကို လေ့လာရန် ဒရုန်း နှစ်စင်းကို မြေပြင်အထက် အမြင့်နှစ်မိုင် အကွာသို့ နာဆာက စေလွှတ်ထားပြီး မိုးလေဝသပူဖောင်းများတွင် ပါဝင်လေ့ ရှိသည့် ရာသီဥတု အာရုံခံ ကိရိယာ များကို ဒရုန်းများတွင် တပ်ဆင်ကာ နေကြတ်ချိန် အပူချိန်၊ စိုထိုင်းဆ၊ ဖိအား၊ ဓာတ်ရောင်ခြည် ဖြာထွက်မှု အစရှိသည့် ဖြစ်စဉ်များ၏ ဒေတာအချက်အလက် များကို စုဆောင်းထားကြောင်း သိရ သည်။

အဆိုပါ ဒရုန်းများမှ ရရှိလာသော ဒေတာ အချက်အလက်များပေါ်  မူတည် ပြီး သုတေသီများက ဆက်လက်လေ့လာ မှု ပြုလုပ်မည်ဖြစ်ကာ နေကြတ်စဉ် ကမ္ဘာ့လေထုအတွင်း ဖြစ်ပေါ်လာဖွယ် ရှိသည့် အကျိုးသက်ရောက်မှုများကို နာဆာက အသေးစိတ် ဆက်လက် လေ့လာမည်ဖြစ်ကြောင်း သိရသည်။

နေကြတ်မှုဖြစ်စဉ်သည် လူသား များ၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး များအပေါ် ထိခိုက်မှုမရှိသော်လည်း ၎င်းဖြစ်စဉ်ကို အကာအကွယ်စစ် ထုတ်မှု ပါဝင်သည့် မျက်မှန်များနှင့်မကြည့်ပါက မျက်လုံးကို ပြင်းထန်စွာ ထိခိုက်စေ နိုင်ကြောင်း သုတေသီများက အကြံပြု ထားသည်။                 






(ref:Reuters)






အခြားဆက်စပ်သတင်းများ