နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတလီ ရေအားလျှပ်စစ်စက်ရုံပေါက်ကွဲ

ရောမ၊ဧပြီ ၁၁

အီတလီနိုင်ငံမြောက်ပိုင်း ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် ဧပြီ ၁၀ ရက်က မြေအောက်ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခြင်းကြောင့် အနည်းဆုံး လူသုံးဦးသေဆုံးပြီး လေးဦးပျောက် ဆုံးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့ များက ပြောသည်။

Enel ENEI.MI လုပ်ငန်းစုပိုင် ရေ အားလျှပ်စစ်စက်ရုံ၏ ထရန်စဖော် မာမီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပြီး ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးရုံအတွက် ဖန်တီးတည်ဆောက် ထားသည့် လူလုပ်ရေကန်များရှိရာ ဆူဗီယန်နာဒေသရှိ ဆည်တွင် ယခု ကဲ့သို့ ဖြစ်ပွားခြင်းဖြစ်ကြောင်း အီတလီ မီးသတ်ဌာနက ပြောသည်။ 

ထရန်စဖော်မာ မီးလောင်ရသည့် အကြောင်းအရင်းကိုမူ Enel လုပ်ငန်းစုက ပြောကြားထားခြင်းမရှိဘဲ ယင်းဖြစ်စဉ် ကြောင့် ဆည်ထိခိုက်ပျက်စီးမှုမရှိ ကြောင်း နှင့်မီးလောင်မှု ဖြစ်ပွားချိန်တွင် စက်ရုံလည်ပတ်မှု ရပ်နားထားသည့် အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး စနစ်တွင် သက်ရောက်မှု တစ်စုံတစ်ရာ မရှိကြောင်း အဆိုပါ လုပ်ငန်းစုက ပြော သည်။








(ref:AP)






အခြားဆက်စပ်သတင်းများ