လီမာ၊ ဧပြီ ၁၁
ပီရူးနိုင်ငံရှိ မာဆီလီနို အဘတ်(ဒ်) ဆိုသည့် အဘိုးအိုသည် (၁၉၀၀) ပြည့်နှစ်က မွေးဖွားခဲ့ပြီး ယခုအခါ အသက် (၁၂၄) နှစ် ပြည့်ပြီဖြစ်၍ ပီရူး အစိုးရက ဂင်းနစ်စံချိန်ဝင်ရန် ကြိုးပမ်း ပေးမည်ဖြစ်ကြောင်း သိရသည်။
(၁၉၀၀) ပြည့်နှစ်တွင် မွေးဖွားမှု မှန်ကန်ပါက အဖိုးအိုအဘတ်(ဒ်)သည် စိစစ်တွေ့ရှိသမျှထဲတွင် ကမ္ဘာ့ အသက်ရှည်ဆုံး လူသားဖြစ်လာမည် ဖြစ်ပြီး ပီရူးအာဏာပိုင်များကလည်း ယင်းကို ကမ္ဘာ့ဂင်းနစ်စံချိန်တွင် မှတ်တမ်းပါဝင်နိုင်ရန်အတွက် လွတ် လပ်သည့် စိစစ်ရေးလုပ်ငန်း ခံယူနိုင်ရန် ကူညီပေးနေကြောင်း သိရသည်။
ကမ္ဘာ့အသက်ရှည်ဆုံး လူသားသည် အသက်(၁၁၄)နှစ်အရွယ်ရှိ ဗင်နီဇွဲလား နိုင်ငံသားဖြစ်ပြီး ယင်းကွယ်လွန်သွား ပြီးနောက် ယခုလက်ရှိတွင် အသက် ရှည်ဆုံးလူသားသည် အသက် (၁၁၁)နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဖြစ်ကြောင်း ဂင်းနစ်မှတ်တမ်းတွင် ဖော်ပြသည်။
အဖိုးအိုအဘတ်(ဒ်)သည် ပီရူးနိုင်ငံ ချက်ဂလာမြို့တွင် မွေးဖွားသူဖြစ်ပြီး သက်တမ်းတစ်လျှောက်လုံးချက်ဂလာ မြို့တွင်သာ နေထိုင်လာကာ အစိုးရ၏ မှတ်ပုံတင်နံပါတ်နှင့် အငြိမ်းစားလစာ ကို ခံစားရရှိပြီး လက်ရှိတွင် သက်ကြီး ဂေဟာတစ်ခု၌ နေထိုင်နေကြောင်း သိ ရသည်။
(ref: Daily Mail)