ဝါရှင်တန်၊ ဧပြီ ၁၁
အမေရိကန်သမ္မတဂျိုးဘိုင်ဒင် နှင့်ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ တို့နှစ်ဦးသည် အိမ်ဖြူတော်တွင် ဧပြီ ၁၀ ရက်က တွေ့ဆုံကြပြီး မစ္စတာ ကီရှီဒါ ကို အမြော်အမြင်ရှိ၍ သတ္တိကြီးမားသည့် ခေါင်းဆောင်အဖြစ် သမ္မတဘိုင်ဒင် က ချီးကျူး ပြောဆိုသည်။
မစ္စတာ ကီရှီဒါ၏ ခေါင်းဆောင်မှု အောက်တွင် ဂျပန်နိုင်ငံ၏ ကာကွယ် ရေးမူဝါဒနှင့်စွမ်းဆောင်ရည်များ သည် ပြောစမှတ်ပြုနိုင်သည်အထိ ပြောင်းလဲသွားကြောင်း မစ္စတာ ဘိုင်ဒင် က ဆိုသည်။
အမေရိကန်နှင့်ဂျပန်တို့သည် ကာကွယ်ရေးကိစ္စများတွင်လုပ်ဖော် ကိုင်ဖက်များဖြစ်ပြီး အင်ဒိုပစိဖိတ် ဒေသတွင် ပိုမိုအားကောင်းလာသည့် အတွက် ဂျပန်နိုင်ငံကလည်း ဒေသ တွင်း စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အဆင်သင့် ရှိနေကြောင်း ပြောသည်။
ယခုတွေ့ဆုံမှုအပြီးတွင် နည်း ပညာနှင့်ကာကွယ်ရေးနယ်ပယ်၊ အာကာသ လကမ္ဘာဆိုင်ရာနယ်ပယ်၊ ဉာဏ်ရည်တု၊ တစ်ပိုင်းလျှပ်ကူးနှင့် သန့်ရှင်းစွမ်းအင်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးကို ကြေညာ မည်ဟု သိရသည်။
(ref: Reuters)