နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) နှစ်သစ်ကူး မဟာသင်္ကြန်အကြို စတုဒိသာ လှူဒါန်း

ရန်ကုန် ဧပြီ  ၁၁  

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ၂၀၂၄ ခုနှစ် မဟာသင်္ကြန်အကြို စတုဒိသာလှူဒါန်းပွဲအခမ်းအနားကို ယမန့်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ အဏ္ဏဝါ ဓမ္မာရုံတွင် ကျင်းပသည်။

အဆိုပါ နှစ်သစ်ကူးစတုဒိသာအလှူတော် အခမ်းအနားတွင် အများပြည်သူများအား  အသင့်စားထမင်းဘူး၊ ဟင်း ၁၇၅၀ ဘူးနှင့် အအေးဘူးများကို  လှူဒါန်းခြင်းဖြစ်သည်။

ထို့ပြင် သံဃာတော်များအား   မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်း(ဗဟို)က   နဝကမ္မအလှူငွေနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး စတုဒိသာလှူဒါန်းပွဲအခမ်းအနားသို့ အသင်း နာကကြီးများနှင့် (ဗဟို) ဥက္ကဌဦးခင်မောင်သန်း ဦးစီးသည့် အသင်းသူ၊ အသင်းသား ၃၀၀ ကျော်တက်ရောက်သည်။ 







အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ