နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် နာယက ရိုးရာလက်ဝှေ့ကစားသမားဟောင်းများ၊ ဒိုင်နှင့် နည်းပြများအားထောက်ပံ့ငွေပေးအပ်

ရန်ကုန်  ဧပြီ  ၁၁

အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် နာယကမှ ကျန်းမာရေးချို့တဲ့သည့် ရိုးရာ လက်ဝှေ့ကစားသမားဟောင်း များ၊ ဒိုင်နှင့်နည်းပြများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်း    အနားကို ယ‌မန်နေ့က ရန်ကုန် မြို့ မင်္ဂလာ‌တောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားရုံ၌ ပြုလုပ် သည်။

ရှေးဦးစွာ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာတင်အောင်လွင်က နှုတ်ခွန်းဆက်စကားပြောကြား ပြီး၊ Popular Group မှ မန်နေဂျင်းဒါရိုက်တာဦးမျိုးမင်း ကလှူဒါန်းရခြင်းအကြောင်း ကိုရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်နာယက ဦးကျင်ဦးက ရိုးရာလက်ဝှေ့ကစား သမားဟောင်းများ၊ ဒိုင်နှင့်နည်းပြ များအား တစ်ဦးလျှင်ထောက်ပံ့ ငွေ ၁၀ သိန်းစီနှင့် လက်‌ဆောင် ပစ္စည်းများအား‌ပေးအပ်ချီးမြှင့် သည်။

ထို့‌နောက် မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် ခုံဒိုင်ချုပ် ဦးဒေါင်းနီက‌ ကျေးဇူးတင်စကား‌ ပြောကြားပြီး စု‌ပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းထောက်ပံ့ငွေပေးအပ် ပွဲသို့ ရိုးရာလက်ဝှေ့ကစားသမား ဟောင်း ၁၀ ဦး၊ ဒိုင်လူကြီး၊ ခုံဒိုင်ချုပ်၊ နည်းပြတစ်ဦးစီ၊စုစု‌ ပေါင်းငွေကျပ် သိန်း ၁၃၀ ထောက်ပံ့‌ပေးအပ်သည်။                      






 အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ