ရန်ကုန် ဧပြီ ၁၁
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၏"သန့်ရှင်းကညာမေသီတာ" (၁၂) ဦးယိမ်းအကအဖွဲ့သည် ၁၃၈၅ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ ပါဝင်ယှဉ်ပြိုင်ရန်နှင့် ကပြဖျော်ဖြေရန် ဗိုလ် တထောင်မြို့နယ်၊ ကုန်သည်လမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ၁၂ ထပ်ခွဲရုံး၌ ဇာတ်တိုက်လေ့ကျင့် ပြင်ဆင်လျက် ရှိကြသည်။
"ကျွန်မတို့ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေး ဌာနက ယိမ်းအဖွဲ့အနေနဲ့ တစ်လလောက်အလိုကတည်းက လေ့ကျင့် နေတာဖြစ်ပါတယ်၊ ကျွန်မတို့ဌာနဟာ ရန်ကုန်တိုင်းတစ်တိုင်းလုံးသန့်ရှင်းသာယာရေး၊ပြည်သူတွေသန့်ရှင်းသာယာစွာနဲ့သာသာယာယာနေထိုင်နိုင်ဖို့ အမှိုက်ကအစ ရှင်းလင်းဆောင်ရွက်ပေးရတဲ့ ဌာနဖြစ်တဲ့အတွက် အဲလိုစာသားလေးတွေနဲ့ ကိုက်ညီတဲ့ ကိုယ်ပိုင် သီချင်းနဲ့ ရန်ကုန်မြို့ရဲ့ဂုဏ်ကို ဖော်ဆောင်ပြီး ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေမှာဖြစ်ပါတယ်"ဟု မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းတင်ယုဆွေက ရှင်းပြသည်။
သတင်း-ရဲနန္ဒာလင်းမြင့်
ဓာတ်ပုံ-ကျော်သူထက်