နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥပုသ်ဆောက်တည်နေသောအစ္စလာမ်ဘာသာဝင်ဥပုသ်သည်များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အာဟာရဖြည့်စွက်စာများသွားရောက်လှူဒါန်း

ရန်ကုန်  ဧပြီ  ၁၁

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊တိုင်း  ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီးသာသနာရေး ဦးစီးမှူး၊ခရိုင် ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်တာဝန် ရှိသူများသည် ရမ်ဇန်လမြတ် ကာလ တွင်ဥပုသ်ဆောက်တည် နေသော အစ္စလာမ်ဘာသာဝင် ဥပုသ်သည်များအတွက် အာဟာရ ဖြည့်စွက်စာများကို ယမန်နေ့ ညပိုင်းက သွားရောက် လှူဒါန်း ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်အစ္စ လာမ်ဘာသာဝင် ဥပုသ်သည် များရှိရာ ပန်းဘဲတန်းမြို့နယ်  ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ကျိုလီယာ မွတ်စ်လင်(မ်)ဒါရ်ဂ် ဗလီထရပ်(စ်)သို့ရောက်ရှိရာ ဗလီဂေါပကအဖွဲ့ဥက္ကဋ္ဌ ဟာရ်ဂျီ ဦးဂဖူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး၊ ဥပုသ် ဆောက်တည်နေသော အစ္စလာမ် ဘာသာဝင်ဥပုသ်သည်များ၏ ဥပုသ်ဝင်ရောက်မှုအခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က လှူဒါန်း သော အာဟာရဖြည့်စွက်စာ အဖြစ် သစ်သီးမျိုးစုံနှင့် Sunkist ဘူးများကို   တိုင်းဒေသကြီးဝန် ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များက ဥပုသ်ဆောက် တည်ပြီး ဥပုသ်ဖြေနေသော အစ္စလာမ်ဘာသာဝင်ဥပုသ် သည် ( ၂၅၀ )ဦးတို့အားတစ်ဦးချင်းလိုက်လံပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ဥပုသ်သည် များအတွက် တစ်နေ့တာဖြည့် စွက်စာအဖြစ် အလှူငွေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့  ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ က ပေးအပ်လှူဒါန်းရာ ဗလီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီးကျေးဇူတင် စကားပြောကြားသည်။

ရန်ကုန်မြို့ရှိ အစ္စလာမ် ဘာသာဝင် ဘုရားရှိခိုးကျောင်း များတွင် အစ္စလာမ်ဘာသာ ထုံး တမ်းစဉ်လာများအရ အစ္စလာမ် ဘာသာဝင်များ ဥပုသ်ဆောက် တည်လျက်ရှိရာ ဥပုသ်ဖြေသည့် ဥပုသ်သည်များအတွက်ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က အစားအသောက်များ နေ့စဉ် လှူဒါန်းလျက်ရှိသည်။

   






ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ