နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော် ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ (၁/၂၀၂၄-၂၀၂၅) အစည်းအဝေးကျင်းပ

ရန်ကုန်၊ ဧပြီ ၁၁

ရန်ကုန်မြို့တော် ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ (၁/၂၀၂၄-၂၀၂၅) အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပ ရန်ကုန်မြို့တော် ဘဏ်လီမိတက် ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ရန်ကုန် မြို့တော်ဘဏ်လီမိတက် ဒုတိယဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ရန်ကုန်မြို့တော် ဘဏ်လီမိတက် အမှုဆောင်အရာရှိချုပ် ဦးကျော်သန်းနှင့် ဒါရိုက်တာ များ၊ သီးခြားလွတ်လပ်သော ဒါရိုက်တာများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ရှေးဦးစွာ မြို့တော်ဘဏ်လီမိတက် ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် က  “ရန်ကုန်မြို့တော် ဘဏ်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ်လုပ်ငန်းများ တိုးတက်အောင်မြင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း”ပြော ကြားသည်။

အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဘဏ်၏ ၂၀၂၃- ၂၀၂၄ နှစ်ချုပ်စာရင်း  အခြေအနေများကို တင်ပြရာတွင် “အမြတ်ဝင် ငွေရရှိမှု၊ အပ်ငွေ အခြေအနေ၊ ချေးငွေအခြေအနေ၊ ချေးငွေနှင့် အပ်ငွေအချိုး၊ ချေးငွေသစ်ထုတ်ချေးမှုနှင့် ချေးငွေပမာဏတိုး ထုတ်ချေးမှု၊ တရားစွဲအမှုများနှင့် NPLs အခြေအနေ၊ အမြတ်ဝေစု၊ မတည်ရင်းနှီးငွေ၊ ငွေတိုက်စာချုပ်နှင့် လက်မှတ်များ၊ စာရင်းသေ အပ်နှံထားငွေ၊ ဘဏ်အချင်းချင်းချေးငွေ၊ ငွေလက်ကျန်၊ ဘဏ် ချေးငွေ၊ အပ်ငွေနှင့် ငွေသားပိုင်ဆိုင်မှုပေးရန် တာဝန်များ၊ ငွေပေး အမိန့်လွှာ (Payment Order-PO) ထုတ်ပေးမှုအခြေအနေ၊ AML/CFT ဆိုင်ရာညွှန်ကြားချက်များ လိုက်နာဆောင်ရွက်မှု၊  အနည်း ဆုံး သီးသန့်ငွေလိုအပ်ချက်” တို့ကို ရှင်းလင်းတင်ပြပြီး၊ ဘဏ္ဍာ ရေးအချိုးများဖြင့် စိစစ်ချက်များဖြစ်သော အလွှာ (၁) မတည်ငွေ ရင်းလုံလောက်မှုအချိုး၊ စုစုပေါင်းမတည်ငွေရင်း လုံလောက်မှုအချိုး၊ ငွေကြေးဆပ်နိုင်အားအချိုး၊ အပ်ငွေနှင့် ချေးငွေအချိုး၊ ငွေကြေး လွယ်ကူမှုအချိုးတို့ကိုတင်ပြ၍ “ငွေကြေးလွယ်ကူမှု ခံနိုင်ရည် စစ်ဆေးချက် “Liquidity Stress Test” အရ ဘဏ်သည် ကောင်းမွန် သည့် ငွေကြေးလွယ်ကူမှု အခြေအနေရှိကြောင်း” တင်ပြသည်။ 

ဆက်လက်၍ ရန်ကုန်မြို့တော်ဘဏ်လီမိတက် အမှုဆောင်အရာ ရှိချုပ် ဦးကျော်သန်းက ဘဏ်ကတရားစွဲဆိုထားသည့် အမှုတွဲအခြေ အနေနှင့် ဘဏ်၌ လစ်လပ်ရာထူးနေရာများသို့ ရာထူးတိုးမြှင့် ခန့်ထားခွင့်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ မြို့တော်ဘဏ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးကြပြီး၊ ဘဏ် ဒါရိုက်တာအဖွဲ့ အစည်းအဝေးသို့ တင်ပြသည့် အမှာစာသုံးစောင် ဆုံးဖြတ်ခြင်း၊ အတည်ပြုခြင်း၊ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက် ကြသည်။                                       







သတင်း/ဓာတ်ပုံ-မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ