နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဆင့်မြင့် ရုံးသုံးကွန်ပျူတာကျွမ်းကျင်မှု သင်တန်း၊ လက်တွေ့အသုံးချ ကွန်ပျူတာကျွမ်းကျင်မှု သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်၊ ဧပြီ ၁၁

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးဖွင့်လှစ် သော အဆင့်မြင့် ရုံးသုံးကွန်ပျူ တာကျွမ်းကျင်မှုသင်တန်းအမှတ် စဉ် (၂/၂ဝ၂၄) နှင့် လက်တွေ့ အသုံးချကွန်ပျူတာကျွမ်းကျင်မှု (System Adminstration Maintenance Course) သင်တန်းအမှတ်စဉ် (၂/၂ဝ၂၄) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ပိုင်းက တိုင်းဒေသကြီးအစိုးရ  အဖွဲ့ရုံးမင်္ဂလာခန်းမ၌ ကျင်းပ သည်။

ရှေးဦးစွာ  ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် သင်တန်း သား၊ သင်တန်းသူများအနေဖြင့် သင်ကြား တတ်မြောက်ခဲ့သော ပညာရပ်များကို မိမိတို့ဌာနများ တွင် ထိထိရောက်ရောက်ပြန် လည်အသုံးချ၍ နိုင်ငံတော်၏ အကျိုးကို မိမိတတ်ကျွမ်းသည့် ပညာရပ်များဖြင့် သယ်ပိုးနိုင် သော ဝန်ထမ်းကောင်းများဖြစ် အောင်ကြိုးစားကြရန်နှင့်ထပ်မံ ဖွင့်လှစ်မည့် အဆင့်မြင့်သင်တန်း များကိုလည်း ဆက်လက်တက် ရောက်ကြရန် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ စည်ပင်သာယာရေး ဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေး တို့က သင်တန်းနည်းပြ ဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်ကြသည်။

ဆက်လက်၍ စီးပွားရေးရာ ဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံ ဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးတို့က သင်တန်း တွင်ဆုရရှိသူများအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းက  သင်တန်းဆင်း လက်မှတ်များပေးအပ်ပြီးမှတ် တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။ အဆင့်မြင့်ရုံးသုံး ကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်း အမှတ် စဉ် (၂/၂ဝ၂၄) သို့ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး၊ လက်တွေ့ အသုံးချ ကွန်ပျူတာ ကျွမ်းကျင် မှု (System Adminstration Maintenance Course) သင်တန်းအမှတ်စဉ် (၂/၂ဝ၂၄) သို့ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်ကြသည်။







ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ