နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမ်းမရိတ်တွင် ဘိုင်ယန်မြူးနစ်ကို သရေသာ ကစားနိုင်ခဲ့သည့် အာဆင်နယ်

ဧပြီ ၁၀

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယနေ့နံနက် အစောပိုင်းက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်နှစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းက ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့ သော်လည်း မဖြစ်သင့်သည့် အမှားများကတစ်ဆင့် ဘိုင်ယန်မြူးနစ် ကို နှစ်ဂိုးဆက်တိုက်ပေးခဲ့ရပြီး နောက်မှ လိုက်ကစားခဲ့ရကာ သရေ ရလဒ်ဖြင့် ကျေနပ်ခဲ့ရသည်။

ပွဲကစားချိန် ၁၂ မိနစ်တွင် ဆာကာ၏ သွင်းဂိုးဖြင့် အိမ်ရှင် အာဆင်နယ်အသင်းပွဲကို ဦးဆောင်နိုင်ခဲ့သော်လည်း ၁၈ မိနစ် တွင် ဂနာဘရီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ချေပဂိုးသွင်းယူ ပေးခဲ့ကာ ၃၂ မိနစ်တွင် တိုက်စစ်မှူး ဟယ်ရီကိန်းက ပင်နယ်တီက တစ်ဆင့် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်းတွင် အာဆင်နယ် အသင်းက ဧည့်သည် ဘိုင်ယန်မြူးနစ်အသင်း၏ ဦးဆောင်ခြင်းကို ခံခဲ့ရသည်။

အတွေ့အကြုံပိုင်း အားနည်းချက်များရှိနေသည့် အာဆင်နယ် အသင်း၏ တိုက်စစ်က ဘိုင်ယန်မြူးနစ် ခံစစ်ကို ထိုးဖောက်ရန် ရုန်းကန်ခဲ့ရပြီး ၇၆ မိနစ်တွင် ထရော့ဒ်ဆက်၏ ချေပဂိုးကြောင့် သရေရလဒ်ရရှိခဲ့ခြင်းဖြစ်သည်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် အာဆင် နယ် အသင်းသည် ဘိုင်ယန်မြူးနစ်အိမ်ကွင်း၌ ဧပြီ ၁၈ ရက် တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ထို့ပြင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အခြားပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့် မန်စီးတီးအသင်းတို့ တစ်ဖက်သုံးဂိုးစီ ဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။                     






သူရိန်






အခြားဆက်စပ်သတင်းများ