နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီစီဂျိမ်းကို အလိုက်ပေး၍ ချူအာမန်နီကို ခေါ်ယူရန် ချဲလ်ဆီးအသင်း ကြိုးပမ်း

ဧပြီ ၁၀

ချဲလ်ဆီးအသင်းသည်ကွင်း လယ်ပိုင်းထပ်မံဖြည့်တင်းရန် အတွက် ရီးရဲလ်မက်ဒရစ် အသင်းက စိတ်ဝင်စားနေသည့် ခံစစ်ကစားသမား ရီစီဂျိမ်းကို အလိုက် ပေးကမ်းလှမ်း၍ ချူအာမန်နီကို ခေါ်ယူရန် ကြိုး ပမ်းနေကြောင်း သိရသည်။

ချူအာမန်နီသည်၂၀၂၂ခုနှစ် က မိုနာကိုအသင်းမှ ရီးရဲလ် မက်ဒရစ် အသင်းသို့ ရောက်ရှိခဲ့ ပြီးနောက် ပုံမှန်ပွဲထွက်ခွင့်ရရှိ ရန် ခက်ခဲခဲ့သော်လည်းယခုနှစ် ဘောလုံးရာသီတွင်အသင်း အတွက် ပြိုင်ပွဲစုံ ၃၂ ပွဲ ပါဝင် ကစားခဲ့ရာခြေစွမ်းပြသနိုင်ခဲ့ သောကြောင့် ချဲလ်ဆီးအသင်း က အသင်း၏ကွင်းလယ်ကစား ပုံကို ပြောင်းလဲပေးနိုင် မည်ဟု ယုံကြည်နေပြီး အသင်းခေါင်း ဆောင် ရီစီဂျိမ်းနှင့်အလိုက်ပေး ကမ်းလှမ်းရန် ပစ်မှတ်ထားနေ ခြင်းဖြစ်သည်။

ချဲလ်ဆီးအသင်းသည်ယခု နှစ် ဘောလုံးရာသီတွင် ကွင်း လယ်ခံ စစ်ပိုင်းအတွက်ကိုင်စီဒို၊ အန်ဇိုဖာနန်ဒက်စ်တို့ကိုသာ အသုံးပြုခဲ့ရပြီး ကိုင်စီဒိုအနေ ဖြင့် ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေ သောကြောင့် ကွင်းလယ်ကစား အား ကျဆင်းခဲ့ကာ ရလဒ်ပိုင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ကြောင့် ကွင်းလယ်ပိုင်းပြဿနာ ကို ဖြေရှင်းနိုင်ရန် ကစားသမား အလိုက်ပေး၍ ချူအာမန်နီကို ခေါ်ယူရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။







သူရိန်






အခြားဆက်စပ်သတင်းများ