နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူနေမှုဘဝနှင့်ဆက်နွှယ်သော ရောဂါများ ကင်းစင်ရေး

ကမ္ဘာတစ်ဝန်းရင်ဆိုင်ကြုံတွေ့နေရသည့် ကျန်းမာ‌ရေးဆိုင်ရာ အခြေအနေများနှင့်ပြဿနာများကို စုပေါင်းဖြေရှင်းရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တိုက်တွန်းနှိုးဆော်လျက်ရှိသည်။ ယနေ့အချိန်အခါတွင် ကမ္ဘာတစ်ဝန်းရှိလူသားများ၏ ကျန်းမာရေး ထိခိုက်စေမှုများသည် ပိုမိုများပြားလာလျက်ရှိသည်။ လူသားတိုင်း ကျန်းမာရေးစောင့်ရှောက်မှုကို ရယူပိုင်ခွင့်၊ ပညာသင်ကြားပိုင်ခွင့်၊ သတင်းအချက်အလက်ရယူပိုင်ခွင့်တို့ကိုရရှိနိုင်ရေး  ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက် ခိုင်ဝင်း "မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) အသိပေး မိတ်ဆက် ခြင်းအခမ်းအနားကို ဧပြီ ၈ ရက်က ကျန်းမာရေးဝန်ကြီးဌာနရုံး အမှတ် (၄) အစည်းအဝေးခန်းမတွင် ကျင်းပရာ တက်ရောက်မှာကြား ခဲ့သည်။

 ကျွန်ုပ်တို့နိုင်ငံလူကုံထံအသိုင်းအဝိုင်းတွင် လူနေမှုဘဝနှင့် ဆက်နွှယ်နေသောရောဂါဖြစ်ကြောင်း လွဲမှားစွာယူဆနေကြသည့် ဆီးချို၊ သွေးတိုးရောဂါတို့ကာကွယ်ကြရာတွင် လူတိုင်းအစား အသောက်ဆင်ခြင်ကြပြီး ကျန်းမာရေးနှင့်ညီညွတ်အောင်နေထိုင် တတ်ရန်လိုအပ်သည်။ကမ္ဘာပေါ်တွင် လူပေါင်း ၃၈၂ သန်း၊ ဆီးချို၊ သွေးချိုရောဂါဝေဒနာ ခံစားနေရကြောင်း ယင်းအနက်လူပေါင်း ၅ ဒသမ ၁ သန်းသည် ဆီးချို၊ သွေးချိုရောဂါနှင့်နှီးနွှယ်ရောဂါများကြောင့်  သေဆုံးရ သည်။

ဆီးချို၊ သွေးချိုရောဂါသည် ကမ္ဘာပေါ်ရှိ လူဦးရေသန်း ၃၅၀ ကျော်ကို ဒုက္ဓပေးလျက်ရှိသည်။ အများစုမှာ ယင်းရောဂါနှင့်ဆက် စပ်သည့် အကျိုးဆက်များကိုခံစားရပြီး အရွယ်မတိုင်မီသေဆုံးကြ ရသည်။ နှလုံးသွေးကြောရောဂါသည် ကျောက်ကပ်ကိုပျက်စီးစေသည့် ရောဂါများထဲမှတစ်ခုဖြစ်သော သွေးချို၊ ဆီးချိုရောဂါရှင်များထဲမှ တစ်ဝက်ကိုသေဆုံးစေခဲ့သည်။ဆီးချို၊ သွေးချိုရောဂါကို ကြိုတင်ကာကွယ်ခြင်းနှင့်ကုသခြင်း နှစ်မျိုးစလုံး၌ အရေးပါလျက်ရှိရာ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးမှုသည် အဓိကကျသည်။ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်ပြုလုပ် ခြင်း၊ ရေဆာလျှင် ရေကိုသာသောက်သုံးခြင်း၊ စိတ်သောကများကို တတ်နိုင်သမျှ‌ လျှော့ချနိုင်သဖြင့် လျော့ကျအောင်ကြိုးစားနေထိုင် ခြင်းဖြင့် ဆီးချို၊ သွေးချိုရောဂါကို ဘက်ပေါင်းစုံမှကာကွယ်ရန် လိုအပ်သည်။

သို့ဖြစ်ရာ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေး အတွက် ကိုယ်တိုင်ဂရုပြုစောင်ရှောက်ကာကွယ်ခြင်းဖြင့် သက်ရှည် ကျန်းမာစေချင်ကြောင်း။    






အခြားဆက်စပ်သတင်းများ