နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွင်းလယ်ကစားသမား ပက်ဒရီကို သက်တမ်းတိုးရန် ဘာစီလိုနာအသင်း ကမ်းလှမ်း

ဧပြီ ၉

ဘာစီလိုနာအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသည့် လူငယ် ကစားသမား ပက်ဒရီကို စာချုပ် သက်တမ်းတိုးရန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမားပက်ဒရီ  သည် လာမည့် ၂၀၂၆ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သောကြောင့် ကစားသမား အနေဖြင့် ဒဏ်ရာရရှိနေသော် လည်း အသင်းတာဝန်ရှိသူများ က ပက်ဒရီ၏ စွမ်းဆောင်ရည် ကို နှစ်သက်သဖြင့် ကာလရှည် သက်တမ်းတိုးစာချုပ်ချုပ်ဆို ရန် ကမ်းလှမ်းမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပက်ဒရီသည် အရည်အသွေး ကောင်းမွန်သည့် ကစားသမား တစ်ဦးဖြစ်သော်လည်း ပြီးခဲ့ သည့်နှစ်အတွင်း ဒဏ်ရာပြဿနာ များနှင့် မကြာခဏရုန်းကန် နေရသဖြင့် ဘာစီလိုနာအသင်း ၏ စာချုပ်သက်တမ်းတိုးမှုကို တုံ့ပြန်ခြင်းမရှိသေးဘဲ ဒဏ်ရာ ပျောက်ကင်းရေးအတွက်သာ အာရုံစိုက်နေသည်။

ပက်ဒရီသည် ၂၀၂၀ပြည့်နှစ်  က လက်ပါးမက်အသင်းမှ ဘာ စီလိုနာအသင်းသို့ ရောက်ရှိခဲ့ပြီး နောက် ပြိုင်ပွဲစုံ ၁၃၃ ပွဲတွင် သွင်းဂိုး ၁၈ ဂိုးထိ သွင်းယူ၍ အသင်း၏ ကွင်းလယ်ပိုင်းတွင် အဓိက ကစားသမားတစ်ဦး အဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။






သူရိန်






အခြားဆက်စပ်သတင်းများ