နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီရာလီယွန်တွင် မူးယစ်ဆေးသုံးစွဲမှု အရေးပေါ်အခြေအနေ ကြေညာ

ဖရီးတောင်း၊ ဧပြီ ၉

ဆီရာလီယွန်နိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများပြားလာခြင်းကြောင့် နိုင်ငံကို အရေးပေါ်အခြေအနေအဖြစ် သမ္မတက ဧပြီ ၈ ရက်တွင် ကြေညာ လိုက်သည်။ 

စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုဖြစ်ပေါ် စေတတ်သည့် ဓာတုပစ္စည်းများရော စပ်ထားသော ကွတ်ရှ်အမည်ရှိ မူးယစ် ဆေးသည် နိုင်ငံအတွင်း နှစ်ပေါင်း များစွာ ပျံ့နှံ့နေပြီး နိုင်ငံ့စီးပွားရေး အကျပ်အတည်း ဖြစ်ပေါ်စေကြောင်း သမ္မတဂျူလီယက်မာဒါဘိုင်အိုကပြော သည်။

ယင်းမူးယစ်ဆေးဝါးထဲရှိ ပါဝင် ပစ္စည်းတစ်ခုသည် လူအရိုးများဖြစ် နေခြင်းကြောင့် သင်္ချိုင်းတွင်းမှအရိုး စုများကို တူးဖော်ခြင်းများအား ကာ ကွယ်ရန် သင်္ချိုင်းများတွင် လုံခြုံရေး တင်းကျပ်ထားရကြောင်း တာဝန်ရှိသူ များက ပြောသည်။ 

ကွတ်ရှ် မူးယစ်ဆေးဝါးသုံးစွဲ မှုကြောင့် လူငယ်အများစုတွင် ခြေလက်များရောင် ရမ်းမှုဖြစ်ပွားလေ့ရှိပြီး တရားဝင် သေဆုံးမှုစာရင်းများ ထုတ်ပြန်ခြင်း မရှိသော်လည်း မြို့တော်ဖရီးတောင်း တွင် ကွတ်ရှ်ကြောင့် လူငယ်ရာနှင့်ချီ သေဆုံးလျက်ရှိကြောင်း ဆရာဝန်များ က ပြောသည်။

၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ် အတွင်း ဆီရာလီယွန် စိတ်ကျန်းမာရေး ဆေးရုံသို့ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် တက်ရောက်ကုသသူ အရေအတွက် သည် ၁၈၆၅ ဦးထိရှိကြောင်း သိရ သည်။                              






(ref: BBC)






အခြားဆက်စပ်သတင်းများ