နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အန္တာတိကတွင် ပင်ဂွင်းအများအပြားသေဆုံး

ဆစ်ဒနီ၊ ဧပြီ ၉

အန္တာတိကတွင် ငှက်တုပ်ကွေးများ ပျံ့နှံ့နေပြီး ရာနှင့်ချီသော ပင်ဂွင်းများ သေဆုံးလျက်ရှိကာ အဒယ်လိုင်းပင်ဂွင်း ကောင်ရေ အနည်းဆုံး ၅၃၂ ကောင် သေဆုံးသွားပြီဖြစ်ကြောင်း သုတေသီ များက ပြောသည်။

သေဆုံးသွားသည့် ပင်ဂွင်းငှက် များကို သြစတြေးလျဖက်ဒရေးရှင်း တက္ကသိုလ်က လေ့လာနေပြီး ယင်းတို့ သည် H5N1 တုပ်ကွေးဗိုင်းရပ်ကြောင့် သေဆုံးသည်ဟု သံသယရှိနေသော် လည်း ကွင်းဆင်းစမ်းသပ်မှုများ တိကျစွာ ဆက်လက် လုပ်ဆောင်ရမည် ဖြစ်ကြောင်း အဆိုပါတက္ကသိုလ်က ဆိုသည်။

လက်ရှိတွင် သေဆုံးသွားသော ပင်ဂွင်းငှက်နမူနာများကို ဓာတ်ခွဲခန်း များသို့ ပေးပို့ စစ်ဆေးနေပြီး လာမည့်လ တွင် ရလဒ်ထုတ်ပြန်ပေးနိုင်မည်ဟု သုတေသီများက မျှော်လင့်ထားသည်။

H5N1 ရောဂါသည် တောင်အမေ ရိကသို့ ၂၀၂၂ ခုနှစ်တွင် ရောက်ရှိလာ ပြီး သားရိုင်း တိရစ္ဆာန်များအကြား ပိုမိုပြင်းထန်စွာ ပျံ့နှံ့လာကာ အန္တာတိက သို့ ကူးစက်လာခြင်းဖြစ်ကြောင်း၊ ပထမဆုံး H5N1 ကူးစက်မှုကို ဖေဖော် ဝါရီလတွင် အတည်ပြုထားပြီးဖြစ် ကြောင်း သိရသည်။

အဒယ်လိုင်း ပင်ဂွင်းများသည် ဟီရိုင်နာကျွန်းတွင်  သားပေါက်ပြီး အန္တတိကတွင် နှစ်စဉ် ပင်ဂွင်း မောင်နှံ သန်း ၂၀ ခန့် သားပေါက်လေ့ရှိ ကြောင်း ဗြိတိသျှအန္တာတိတ် လေ့လာရေးအဖွဲ့၏ အဆိုအရ သိရသည်။          

   







(ref:AP)






အခြားဆက်စပ်သတင်းများ