နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုတိယမြောက်သူလျှိုဂြိုဟ်တု တောင်ကိုရီးယား လွှတ်တင်

ဆိုးလ်၊ ဧပြီ ၉

တောင်ကိုရီးယားနိုင်ငံ၏ဒုတိယ မြောက် ပြည်တွင်းဖြစ် သူလျှိုဂြိုဟ်တု ကို SpaceX ကုမ္ပဏီ၏ Falcon 9 ဒုံးကျည်နှင့်အတူ လွှတ်တင်လိုက် ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၈ ရက်တွင် ထုတ်ပြန်သည်။

ယင်းသည် တောင်နှင့်မြောက် ကိုရီးယား ထောက်လှမ်းရေးဂြိုဟ်တု များ အပြိုင်လွှတ်တင်မှု၏ တစ်စိတ် တစ်ပိုင်းဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ဖလော် ရီဒါပြည်နယ် ဂျွန်အက်ဖ်ကနေဒီ အာကာ သစင်တာကတစ်ဆင့်လွှတ်တင်ခြင်း ဖြစ်ကြောင်း သိရသည်။

လွှတ်တင်ပြီး ၄၅ မိနစ်အကြာတွင် ဂြိုဟ်တုသည် လွှတ်တင်ယာဉ်မှ ခွဲထွက် ပြီး ပတ်လမ်းထဲ ဝင်ရောက်သွားကြောင်း တောင်ကိုရီးယားက ထုတ်ပြန်ထား သည်။

တောင်ကိုရီးယားသည် ယင်းတို့၏ ပထမဆုံး သူလျှိုဂြိုဟ်တုကို ပြီးခဲ့သည့် ဒီဇင်ဘာလက လွှတ်တင်ခဲ့ပြီး  မြောက် ကိုရီးယားကမူ ယခု ၂၀၂၄ ခုနှစ်အတွင်း သူလျှိုဂြိုဟ်တု သုံးလုံးအထိ လွှတ် တင်မည်ဟု ကြေညာထားသည်။







(ref: Reuters)






အခြားဆက်စပ်သတင်းများ