နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးကို လက်နက်ရောင်းချမှု ဗြိတိန်ရပ်ဆိုင်းမည်

လန်ဒန်၊ ဧပြီ ၉

ဂါဇာကမ်းမြောင်ဒေသတွင်အစ္စရေး အနေဖြင့် နိုင်ငံတကာဥပဒေကို ချိုး ဖောက်ကြောင်း တရားရေးအရ အကြံ ပေးချက်လက်ခံရရှိပါက ဗြိတိန်သည် အစ္စရေးကို လက်နက်ရောင်းချမှု ရပ် ဆိုင်းမည်ဖြစ်ကြောင်း ဗြိတိန်ဒုတိယ ဝန်ကြီးချုပ် အိုလီဗာဒိုးဒန်းက ဧပြီ ၈ ရက်တွင် ပြောသည်။ 

ဂါဇာရှိ အကူအညီပေးရေး လုပ်သား ယာဉ်တန်း တိုက်ခိုက်ခံရခြင်းကြောင့် လုပ်သားခုနစ်ဦး သေဆုံးပြီးနောက် အစ္စရေးကို လက်နက်ရောင်းချမှုရပ်ဆိုင်း ရန် ဖိအားများ တိုးလာနေချိန်တွင် ယခု ကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဂါဇာရှိ အစ္စရေး၏လုပ်ဆောင်ချက် များတွင် ဗြိတိန်ပါဝင်ပတ်သက်နိုင်သည် ဟုဆိုကာ တရားရုံးချုပ်တရားသူကြီး ဟောင်းသုံးဦးနှင့်တရားရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင် ၆၀၀ ကျော်တို့က အစ္စရေးကို လက်နက်ရောင်းချမှု ရပ် တန့်ရန်  ပူးပေါင်းတောင်းဆိုကြခြင်း ဖြစ်သည်။

ယင်းတောင်းဆိုမှုတွင် ဗြိတိန် နိုင်ငံ၏ ထိပ်တန်းထောက်လှမ်းရေး ကျွမ်းကျင်သူနှစ်ဦးလည်း ပါဝင်ပြီး ယခုပဋိပက္ခတွင် အစ္စရေး၏ အကြီးမား ဆုံးနောက်ခံဖြစ်သော အမေရိကန်ကို ဆွဲဆောင်ရန် ဗြိတိန်ဘက်က တတ်နိုင် သမျှ စွမ်းဆောင်သင့်ကြောင်း ကျွမ်းကျင် သူများက သုံးသပ်ပြောဆိုသည်။







(ref: AFP)






အခြားဆက်စပ်သတင်းများ