နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဝေးထိန်း အာရုံခံစနစ်ပါဝင်သည့် ဂြိုဟ်တုသစ် တရုတ်အောင်မြင်စွာ လွှတ်တင်

ပေကျင်း၊ ဧပြီ ၉

အဝေးထိန်း အာရုံခံစနစ်ပါဝင် သည့် ဂြိုဟ်တုသစ်တစ်လုံးကို ဧပြီ ၈ ရက်က တရုတ်နိုင်ငံ အနောက် တောင်ပိုင်း၊ စီချွမ်ပြည်နယ်ရှိ Xichang ဂြိုဟ်တုလွှတ်တင်ရေး စင်တာက တစ်ဆင့်လွှတ်တင်လိုက်ကြောင်းသိရ သည်။

အာကာသစူးစမ်းလေ့လာရေး မစ်ရှင်များ လုပ်ဆောင်ရာတွင် တရုတ် သည် ၎င်း၏ ပြည်တွင်းထုတ် စွမ်းရည် မြင့် Long March သယ်ဆောင်ဒုံးပျံ စီးရီးများကို အသုံးပြုလေ့ရှိပြီး ယခု တစ်ကြိမ် လွှတ်တင်မှုတွင်လည်းLong March-2D သယ်ဆောင်ဒုံးပျံကို အသုံး ပြုထားကြောင်း သိရသည်။

 ၎င်းသယ်ဆောင်ဒုံးပျံသည် Yaogan-42 01 အမည်ရှိ အဝေးထိန်း အာရုံခံစနစ်ပါဝင်သည့် ဂြိုဟ်တုသစ်ကို သယ်ဆောင်သွားပြီး သတ်မှတ်ထား သည့် ပတ်လမ်းထဲသို့ အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ယခုလွှတ်တင်မှုတွင် အသုံးပြု ထားသည့် တရုတ်ပြည်တွင်းထုတ် Long March-2D ဒုံးပျံသည် တန်ချိန် ၃၀၀ရှိ ဓာတ်ငွေ့ရည်နှင့်ပန်ကာ တွန်းကန် စွမ်းရည်ပေါင်းစပ်မှု နည်းပညာပါဝင် သည့် ဒုံးပျံအမျိုးအစားဖြစ်ပြီး ၎င်းဒုံးပျံ  ကို အသုံးပြု၍ Jiuquan ၊ Taiyuan နှင့် Xichang အစရှိသည့် အဓိကဂြိုဟ်တု လွှတ်တင်ရေးစင်တာသုံးခုမှ ဂြိုဟ်တု အများအပြားကို လွှတ်တင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

Long March-2D ဒုံးပျံတွင် အဆင့်မြင့်စွမ်းရည်စနစ်များပါဝင်ပြီး ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၇၀၀ အကွာရှိ နေပတ်လမ်းသို့ ၁ ဒသမ ၃ တန် အလေးချိန်ရှိသည့် ဝန်စည်များကို ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။







(ref:CMG)






အခြားဆက်စပ်သတင်းများ