နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည့်အင်အားဖြင့် ရင်ဆိုင်ကျော်လွှား

မြန်မာနိုင်ငံသည်အရှေ့တောင်အာရှနှင့်တောင်အာရှဒေသတို့ ဆက်စပ်သည့်နေရာတွင်တည်ရှိပြီး ကမ္ဘာ့လူဦးရေအများဆုံး စီ:ပွားရေးအင်အားကြီးမားသည့်နိုင်ငံကြီးနှစ်ခု၏ကြားတွင် တည်ရှိနေသောနိုင်ငံဖြစ်သည်။

 မိမိတို့နိုင်ငံ၏လူဦးရေသည် ၅၆ ဒသမ ၂ သန်းသို့ရောက်ရှိ လာသည်ဟု ခန့်မှန်းထားကြသည်။ ယင်းလူဦးရေသည် မိမိတို့၏ လူသားအရင်းအမြစ်များပင်ဖြစ်သည်။ တိုးပွားလာသည့် လူဦးရေ အတွက် စားရေရိက္ခာဖူလုံရေး၊ အမိုးအကာလုံခြုံစွာနေထိုင်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပြည့်စုံရေး၊ ကျောင်းနေအရွယ် အားလုံးပညာသင်ကြားနိုင်ရေး ဖော်ဆောင်နိုင်ရေးလိုအပ်သကဲ့သို့ လူသားအရင်းအမြစ်တန်ဖိုးမြင့်မားလာအောင် ပြစုပျိုးထောင်ရေး နှင့် ၎င်းတို့၏ကာယဉာဏစွမ်းအားတို့ကို နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် ထိထိရောက်ရောက်အသုံးပြုသွားနိုင်ရန် လည်းလိုအပ်သည်။

 လက်ရှိကမ္ဘာ့အနေအထားအရ အင်အားကြီးနိုင်ငံအချို့က နိုင်ငံငယ်များ၏ ပြည်တွင်းရေးများတွင် လိုတစ်မျိုး၊ မလိုတစ်မျိုး ခေါင်းစဉ်အမျိုးမျိုးတပ်ကာ နည်းလမ်းမျိုးစုံဖြင့်ဝင်ရောက်စွက်ဖက် မှုများကိုလည်း ရင်ဆိုင်နေကြသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ အနေဖြင့် မြန်မာနိုင်ငံကို ၎င်းတို့အလိုကျပုံဖော်ဆောင်ရွက်နိုင်ရေး ၎င်းတို့၏ရုပ်သေး၊ ဩဇာခံဖြစ်စေရေးအတွက် ဖိအားပေးအကျပ် ကိုင်မှုများ၊ အပြစ်ရှာဝေဖန်တိုက်ခိုက်မှုများ၊ ပိတ်ဆို့အရေးယူမှု များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

မျက်မှောက်ကာလတွင် နိုင်ငံနှင့်လူမျိုးဝင့်ထည်နိုင်ရေး အတွက် လူဦးရေသည်လည်းကောင်း၊ ပြုစုပျိုးထောင်ရာမှရရှိမည့် လူ့စွမ်းအားအရင်းအမြစ်သည်လည်းကောင်း၊ နိုင်ငံတွင်နေထိုင်သူ တို့၏ အမျိုးသားစရိုက်လက္ခဏာနှင့် အမျိုးသားရေးစိတ်ဓာတ်တို့ သည်လည်းကောင်း၊ စီးပွား‌ရေးခိုင်မာတောင့်တင်းမှု၊ ကာကွယ်ရေး အသင့်ရှိမှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတို့သည် လွန်စွာအရေးပါ သည်။

 နိုင်ငံတည်ငြိမ်အေးချမ်းခြင်းသည် ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံပင်ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှသာ တည်ဆောက်မှု ပြုနိုင်ပြီး ဖွံ့ဖြိုးမှု၊ တိုးတက်မှုတို့ရရှိနိုင်မည်ဖြစ်သည်။ နိုင်ငံတော် ပြိုကွဲပျက်စီးမသွားစေရန်နှင့် နိုင်ငံသူနိုင်ငံသားတို့၏ဘဝများ ကစဉ့်ကလျားဖြစ်မသွားစေရန်အတွက် နိုင်ငံတော်၏ကာကွယ်ရေး အင်အားတောင့်တင်းခိုင်မာရန်လိုအပ်သည်။ ယင်းအခြေအနေကို အထောက်အပံ့ဖြစ်စေမည့် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိ သည့်ဟူသော ခံယူချက်ဖြင့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) ကို တက်ရောက်လာကြသော နိုင်ငံ့သားကောင်းလူငယ်များ အား ဂုဏ်ပြုအပ်ပါကြောင်း။     






အခြားဆက်စပ်သတင်းများ