နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့ တိုက်ကြီးမြို့နယ် မွေးမြူရေးဇုန်လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရူစစ်ဆေး

ရန်ကုန်၊ ဧပြီ ၉

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များသည် ယမန်နေ့ နံနက်ပိုင်း က တိုက်ကြီးမြို့နယ်၊ ချင်းကုန်း ကျေးရွာအုပ်စု၊ ခရိုင်ချင်းဆက် လမ်း မိုင်တိုင် ၃၄/၆ အနီး မြေဧရိယာ ဧက (၂၀၀၀) ကို တိုက်ကြီး မွေးမြူရေးဇုန်အဖြစ် အကောင်အထည်ဖော် ဆောင် ရွက်နေသည့် လုပ်ငန်းခွင် အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်၊ ဇုန် အတွင်း ရေရရှိရေးအတွက် ရေ လှောင်တမံနှင့် ရေလှောင်တမံ ပေါင်များ ဆောင်ရွက်နေမှု၊ ရေလှောင်တမံမှ ရေကျော်လာ မှုကို ထိန်းသိမ်းရန် အပိုတမံ နှင့် Box Culvert တည်ဆောက် နေမှု၊ ခရိုင်ချင်းဆက်လမ်းနှင့် ချိတ်ဆက်ထားသည့် မွေးမြူ ရေးဇုန်  C - 1 လမ်းနှင့် C - 3 လမ်း ကွန်ကရစ်ခင်းကျင်းနေ မှု၊ Box  Culvert များ တည် ဆောက်နေမှုနှင့် ရှင်းလင်းဆောင် တည်ဆောက်နေမှု လုပ်ငန်းခွင် များကို လိုက်လံကြည့်ရှုစစ်ဆေး ကြသည်။

ထို့နောက် ယာယီရှင်းလင်း ဆောင်တွင်၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် များက ဇုန်အတွင်းလမ်းများ ကွန်ကရစ်ခင်းနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်နေမှုနှင့် ဌာနအလိုက် လုပ်ငန်းကဏ္ဍ အလိုက် လုပ်ဆောင်နေမှု အခြေ အနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး များက ဖြည့်စွက်ရှင်းလင်းတင် ပြကြသည်။

ရှင်းလင်း တင်ပြချက်များ နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မွေးမြူရေးဇုန် ကိုဌာနဆိုင်ရာများက မိမိတို့ တာဝန်ယူ ဆောင်ရွက်ရသည့် လုပ်ငန်းကဏ္ဍများ     အလိုက် စနစ်တကျ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်ကြရန်လိုကြောင်း မွေးမြူရေးလုပ်ငန်းရှင်များနှင့် ဒေသခံ မွေးမြူရေးသမားများ အတွက် အခွင့်အလမ်းတစ်ရပ် အဖြစ် နိုင်ငံတော်ကမွေးမြူရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေ ရေးကို လမ်းဖွင့်ဆောင်ရွက်ပေး နေခြင်းဖြစ်ကြောင်း၊ လုပ်ငန်း များကို ဌာနဆိုင်ရာများ အချင်း ချင်းဝိုင်းဝန်းညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ကြရန်နှင့် လိုအပ် ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် C - 2 နှင့် C - 4  လမ်းကွန်ကရစ်ခင်း ရန် ပြင်ဆင်ဆောင်ရွက်နေမှု နှင့် Box Culvert တည်ဆောက် နေမှုများ၊ ခရိုင်ချင်းဆက်လမ်း အမှတ် (၁) ကွန်ကရစ်ခင်းနေမှု များနှင့် မွေးမြူရေးဇုန်အတွင်းရှိ လုပ်ငန်းခွင်များအတွင်း လှည့်လည် ကြည့်ရူစစ်ဆေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည်မျိုးစေ့ ချကိရိယာ (Seeder)ဖြင့် စိုက် ပျိုးသည့် တိုက်ကြီးမြို့နယ် ဥတိုကျေးရွာအုပ်စု တောင်သူ ဦးတင်လှ၏ လယ်မြေ ၂ ဧကရှိ မနောသုခ (၂) စိုက်ခင်းကို ကြည့်ရှုစစ်ဆေးသည်။







ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ