နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နှင့်ဘုရင့်နောင်တိုးချဲ့ပန်းခြံ သာယာလှပရေးလုပ်ငန်းများ မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဧပြီ  ၉

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေးသည် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ထန်းတပင်မြို့နယ်၊ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ဝင်း ပင်မလေးထပ်ဆောင်ရှေ့ ရေ ကန်တူးဖော်ပြီးစီးမှုနှင့်မြေယာ ရှုခင်း ဆောင်ရွက်ထားမှု၊ အနောက်ပိုင်းတက္ကသိုလ် အဝင် လမ်း ကွန်ကရစ်ခင်းကျင်းနေမှု၊ ဘုရင့်နောင်တိုးချဲ့ပန်းခြံတည် ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှု၊ ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်မှ အနောက်‌ ရွှေဂုံတိုင်လမ်းအထိ ရွှေတိဂုံ စေတီတော်ပတ်လမ်း ကတ္တရာ ကွန်ကရစ် (AC) ထပ်ပိုးလွှာခင်း ကျင်းပြီးစီးမှုတို့ကို ကြည့်ရှုစစ် ဆေးကာ လိုအပ်သည်များ ဖြည့် ဆည်းဆောင်ရွက်ပေးသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည်  ထန်းတပင်မြို့နယ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် သို့သွားရောက်၍ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)က  ပင်မလေးထပ်ဆောင်ရှေ့ အရှည် ၆၆၅ ပေ၊ အကျယ် ၁၁၀ ပေ၊ အနက် ၅ ပေရှိ ရေကန်တူး ဖော်ပြီးစီးမှု၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ရေကန်ပတ်လည်စိမ်းလန်း စိုပြည်စေရေး ပန်းအလှပင်များ နှင့် ယိုးဒယားဘဲစားမြက်များ စိုက်ပျိုးထားရှိမှု၊အင်ဂျင်နီယာ ဌာန (ရေနှင့်သန့်ရှင်းမှု)က ရေ ကန်အတွင်း ရေဖြည့်သွင်းပြီး လျှပ်စစ်ဓာတ်အား ၄၆ ကီလို ဝပ်ထုတ်လုပ်နိုင်သည့် ဆိုလာ လျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် အလှဆင်ရေပန်းသုံးခုမောင်း နှင်နေမှု၊ ရေကန်ပတ်လည် မြေထိန်းနံရံတည်ဆောက်ပြီး စီးမှု၊ ကန်ပေါင်တွင် လူသွား လမ်းဆောင်ရွက်ပြီးစီးမှုများ ကို ကြည့်ရှုစစ်ဆေးပြီး  လိုအပ် သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က ဆောင် ရွက်နေသည့် ထန်းတပင်မြို့ နယ်၊ အနောက်ပိုင်းတက္ကသိုလ် အဝင်လမ်း၊ လမ်းလယ်ကျွန်း ပြန်လည်ပြုပြင်နေမှုနှင့် ရွှေပြည်သာတံတားလမ်းနှင့် အနောက်ပိုင်းတက္ကသိုလ်အဝင် လမ်းဆုံအဝိုင်းမှ ပေါက်တန်း ရွာအထိ အရှည် ၇၀၀၀ ပေ၊ အကျယ် ၃၃ ပေ၊ ထု ၉ လက်မ ရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည်              လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇) ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံတိုးချဲ့တည်ဆောက်ရေး လုပ်ငန်းခွင်သို့သွား ရောက်၍ ဘုရင့်နောင်ပန်းခြံတိုး ချဲ့မြေနေရာနှင့် ရန်ကုန်-ညောင် တုန်းလမ်းမကြား အင်ဂျင်နီယာ ဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)က အရှည် ၁၀၂၅ပေ၊ အကျယ် ၈ ပေ ၊အနက် ၅ ပေ ရှိ မြောင်းဖုံးပါ အုတ်ရေမြောင်းတည်ဆောက် နေမှု၊ ရန်ကုန်-ညောင်တုန်း လမ်းဘက်ရှိ ပန်းခြံအဝင်နေရာ ကို အင်ဂျင်နီယာဌာန (လမ်း နှင့်တံတား) က အရှည် ၃၂ ပေ၊ အကျယ် ၈ ပေ၊ အနက် ၆ ပေ Box Culvert တည် ဆောက်နေမှု၊ အကျယ် ၁၄ ပေ၊ထု ၉ လက်မရှိပန်းခြံအတွင်း ပတ်လမ်းများ ကွန်ကရစ်ခင်း ကျင်း ဆောင်ရွက်ပြီးစီးမှု၊ အင်ဂျင်နီယာဌာန (အဆောက် အအုံ)က အလျား ၁၀၈ ပေ၊အနံ ၅၈ ပေ၊ အမြင့် ၁၄ ပေ ရှိ စုဝေး ခန်းမ တည်ဆောက်နေမှု၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့် ရှင်းမှု)က ရန်ကုန်မြို့ရေပေး ဝေရေးဇုန် (၉)၏ဂါလန်နှစ်သိန်း ဆံ့ ရေစုကန်တည်ဆောက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့ကို ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဘုရင့်နောင်ပန်းခြံ တိုးချဲ့ မြေ နေရာတွင် ၁၀ ပေ ပတ် လည်ဆိုင်ခန်းပေါင်း ၃၀၀ ပါရှိ သည့် လေးဧက ကျယ်ဝန်းသောပျော်ပွဲရွှင်ပွဲကျင်းပရာနေရာ၊ ပွဲကြည့်စင်၊ ပဒုမ္မကြာရေပန်း၊ ကလေးကစားကွင်း၊ ကိုယ်လက် လှုပ်ရှားအားကစားပြုလုပ်ရန် နေရာ၊ အမှိုက်စွန့်ပစ်ရန်နေရာ၊ စုဝေးခန်းမ အဆောက်အဦနှင့် ယာဉ်အစီးရေ ၂၀၀ ရပ်နားနိုင် သည့် ယာဉ်ရပ်နားကွင်းများဆောင်ရွက်မည်ဖြစ်သည်။

ယင်းနောက်  မြို့တော်ဝန် နှင့်အဖွဲ့သည် အင်ဂျင်နီယာ ဌာန(လမ်းနှင့်တံတား)က ဆောင်ရွက်နေသည့် အရှည် ၁၂၀၀ ပေ၊ အကျယ် ၃၀ ပေရှိ ရွှေတိဂုံစေတီတော်မြောက် ဘက်မုခ်မှ အနောက်‌ရွှေဂုံတိုင် လမ်းအထိ ရွှေတိဂုံစေတီတော် ပတ်လမ်း ကတ္တရာကွန်ကရစ် (AC) ထပ်ပိုးလွှာခင်းကျင်းပြီးစီး ၍ Road Marking ယာဉ်ကြော အချက်ပြ မျဉ်များရေးဆွဲထား ရှိမှု ၊ လူသွားစင်္ကြံများ ဖြူနီကြား ရေးဆွဲနေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။







သတင်း- မိုးမြင့်မောင် ဓာတ်ပုံ- ရွှေဝင်း






အခြားဆက်စပ်သတင်းများ