နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥပုသ်ဆောက်တည်နေသော အစ္စလာမ်ဘာသာဝင်ဥပုသ်သည်များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အာဟာရဖြည့်စွက်စာများ သွားရောက်လှူဒါန်း

ရန်ကုန် ဧပြီ  ၉

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သာသနာရေး ဦးစီးမှူး၊ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်တာဝန် ရှိသူများသည် ယမန်နေ့ညပိုင်း က ရမ်ဇန်လမြတ်ကာလတွင် ဥပုသ်ဆောက်တည်နေသော အစ္စလာမ်ဘာသာဝင် ဥပုသ် သည်များအတွက် အာဟာရ    ဖြည့်စွက်စာများကိုသွားရောက်လှူဒါန်းကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်အစ္စ လာမ်ဘာသာဝင် ဥပုသ်သည် များရှိရာ ပန်းဘဲတန်းမြို့နယ် အမှတ် (၁၀)ရပ်ကွက်၊ ဗိုလ် ဆွန်ပက်လမ်းရှိ ကျိုလီယာဂျာ မေဗလီသို့ရောက်ရှိရာ ဗလီ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဟာရ်ဂျီဂျမား (ခ)ဦးအောင်သိန်းနှင့် တာဝန် ရှိသူများကကြိုဆိုနှုတ်ဆက် ကြပြီး ဥပုသ်ဆောက်တည်နေ သော အစ္စလာမ်ဘာသာဝင် ဥပုသ်သည်များ၏ ဥပုသ်ဝင် ရောက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကလှူဒါန်း သောအာဟာရဖြည့်စွက်စာ အဖြစ် သစ်သီးမျိုးစုံနှင့်ရိုင်ရယ်ဒီ ဘူးများကို ဝန်ကြီးချုပ်နှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များက ဥပုသ်ဆောက်တည်ပြီး ဥပုသ်ဖြေ နေကြသော အစ္စလာမ်ဘာသာ ဝင်ဥပုသ်သည် (၇၀၀)ဦးတို့အား တစ်ဦးချင်း လိုက်လံပေးအပ် လှူဒါန်းသည်။

ဆက်လက်၍ ဥပုတ်သည် များအတွက် တစ်နေ့တာဖြည့် စွက်စာအဖြစ် အလှူငွေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့  ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ က ပေးအပ်လှူဒါန်းရာ ဗလီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျန်းမာချမ်း သာ စွာဖြင့် နိုင်ငံတော်၏အမျိုး ဘာသာ၊ သာသနာအကျိုးကို ဆောင်ရွက်နိုင်ပြီး နိုင်ငံတော် ကြီး အေးချမ်းသာယာပါစေ ကြောင်း ဆုမွန်ကောင်းတောင်း အပ် ပါကြောင်းပြောကြားသည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စံပြဖဆပလရပ်ကွက်၊ အထက် ပန်းဆိုးတန်းလမ်းရှိ တစ်ခြမ်းပဲ့ဗလီတွင်အာဟာရဖြည့်စွက်စာအဖြစ် ပန်းသီးများ၊ Sunkist ဘူးများကို  ဥပုသ်ဆောက်တည်ပြီး ဥပုသ်ဖြေနေကြသော အစ္စလာမ် ဘာသာဝင်ဥပုသ်သည် (၄၀၀)ဦးအတွက်  တစ်ဦးချင်းလိုက်လံ ပေးအပ် လှူဒါန်းပြီး ဥပုသ် သည်များအတွက်တစ်နေ့တာ ဖြည့်စွက်စာအဖြစ် အလှူငွေ များကို  ဗလီဥက္ကဋ္ဌ ဟာဂျီဘရာ ဟင် (ခ)ဦးဇော်ဝင်းနိုင်နှင့်တာဝန် ရှိသူများထံ လှူဒါန်းသည်။           






ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ