နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ဥက္ကလာပမြို.နယ်၊(စျ)ရပ်ကွက်၊ ဘုမ္မာလမ်း အမှတ်(၈) အခြေခံပညာအလယ်တန်းကျောင်း သန့်ရှင်းသာယာလှပစေရေး

ဧပြီ ၆ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၇၅ ဦးဖြင့် စနေနေ့ အထူးစုပေါင်းလုပ်အားပေးဆောင်ရွက်ကြရာကျောင်းဝင်းအတွင်း မြက်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်း များအတွင်းရှိ အမှိုက်နှင့်နုန်းများဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိ အမှိုက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုအောင်း နိုင်သည့်နေရာများအတွင်း ခြင်ဆေးမှုတ်ခြင်း၊ ရေစည်ရေကန်များ အတွင်းအဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းတို့ကို စုပေါင်း လုပ်အားပေးဆောင်ရွက်ကြစဉ်။                  







မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ